Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ၏ နေရာအတော်များများတွင် တပိုင်းတစ်စ နေကြတ်ခြင်းအားမြင်တွေ့ရ

နေကြတ်မှုအားရန်ကုန်မြို့မှ မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတွင် တပိုင်းတစ်စ နေကြတ်ခြင်းကို နံနက် ၉:၃၈နာရီ  မှ ၁၃:၀၈ နာရီ အချိန်အထိမြင်တွေ့ခဲ့ရသည်။ 

နေကြတ်ခြင်းကို ၁၁:၁၇နာရီ အချိန်တွင် အများဆုံးမြင်တွေ့ခဲ့ရပြီး နေကြတ်ခြင်းကို မြန်မာနိုင်ငံရှိနေရာအတော် များများမှ မြင်တွေ့ခဲ့ကြရကြောင်း သိရသည်။  

နေကြတ်ခြင်းမှာ ကမ္ဘာနှင့် နေအကြား လ ရောက်ရှိခြင်းကြောင့် လ၏ အရိပ်သည် ကမ္ဘာပေါ်သို့ ကျရောက်သွားခြင်း ဖြစ်ကြောင်း၊  လအရိပ်ကျရောက်သည့် ဒေသများတွင်  နေကို မမြင်ရတော့ပဲ နေကြတ်ခြင်းခေတ္တဖြစ်ပေါ်ကြောင်း၊ တွေ့မြင်ရခြင်းဖြစ်ကြောင်း၊ နေကြတ်ချိန်မှာ လ ရောက်ရှိသည့်နေရာ (ကမ္ဘာနှင့်အကွာအဝေး) ပေါ်မူတည်ပြီး နေကို အပြည့်ဖုံးအုပ်ခြင်း (တနည်း) နေအပြည့်ကြတ်ခြင်းနှင့် နေကို အလယ်မှ ဖြတ်ပိတ်ခြင်း (နေမီးကွင်းကြတ်ခြင်း) ဟုခွဲခြား၍ရကြောင်း နက္ခတ္တဗေဒပညာရှင် တစ်ဦး ၏ သုံးသပ်ချက်အရ သိရသည်။

၂၀၂၀ ခုနှစ် ဇွန်လ ၂၁ ရက် တွင်နေကြတ်ဦးမည်ဖြစ်ပြီး မြန်မာနိုင်ငံ မှလည်းမြင်တွေ့နိုင်ကြောင်း နာဆာ၏ ထုတ်ပြန်ချက်အရ သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.