Connect with us

Environment, Disasters & Accidents

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် လူ ၁၀ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာအပြင်းအထန် ရရှိ

မော်လမြိုင်-သံဖြူဇရပ်လမ်းတွင် ဖြစ်ပေါ်ခဲ့သော ယာဉ်တိုက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ်(မီးသတ်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကွမ်တာကျေးရွာအနီး၊ မော်လမြိုင်-သံဖြူဇရပ်လမ်းမကြီးတွင် ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) နံနက် ၁၀နာရီကျော်၌ ယာဉ်တိုက်မှုဖြစ်ပွားကာ လူ ၁၀ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

” hijetကားနဲ့ ကားကြီးတိုက်တာ၊ hijet ပေါ်ပါတဲ့ ၁၅ ဦးမှာ ၁၀ဦးသေပြီး ၅ဦးကလဲ စိုးရိမ်ရတယ် ဒဏ်ရာရတာ၊ ကားလဲ ပြားချပ်သွားတယ်”ဟုယာဉ်တိုက်မှုဖြစ်ပွားရာတွင် ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်အရာရှိတစ်ဦးက ဆင်ဟွာသို့ပြောသည်။

မော်လမြိုင်-သံဖြူဇရပ်လမ်းတွင် ဖြစ်ပေါ်ခဲ့သော ယာဉ်တိုက်မှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ်(မီးသတ်)

ဒဏ်ရာရရှိသူများကို မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး မေတ္တာမွန်လူငယ်ပရဟိတလူမှုကူညီရေးအသင်းယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံနှင့် မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)