Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ်အတွင်း မုန်ယိုနေသည့်ဆင် အန္တရာယ်ပြုမှုကြောင့် လူ ၃ ဦးသေဆုံး

မိုးညှင်းမြို့ဝင်ဆိုင်းဘုတ်အား တွေ့ရစဉ်(အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်      မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ထောက် ကျေးရွာ အောက်ရွှေမှော်၌မုန်ယိုနေသည့်ဆင် အန္တရာယ်ပြုမှုကြောင့် လူ ၃ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ကျေးရွာတွင် ဒီဇင်ဘာ ၂၄ ရက်က မုန်ယိုနေသည့် ဆင်သည် လူသုံးဦးအား အန္တရယ်ပြုမှုကြောင့် သေဆုံးခဲ့ပြီး ယင်းကျေးရွာရှိဒေသခံများ အား   ညောင်ပင်ကျေးရွာ   ဘုန်းတော် ကြီးကျောင်းသို့      ပြောင်းရွှေ့နေရာ ချထားရကြောင်း သိရသည်။ 

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာနှင့်     ၁၅ မိုင်ခန့် ကွာဝေးသည့် ညောင်ထောက်ကျေးရွာ  အောက်ရွှေ မှော်တွင် မွေးမြူထားသော အသက်(၄၉)နှစ်အရွယ်   ဆင်ထီးသည်  လွန်ခဲ့သည့် တစ်ပတ်ကျော်မှစ၍ မုန်ယိုကာ ရွှေမှော် တွင် ရွှေကျင်နေသူများကို အန္တရာယ် ပြုနေကြောင်း  သိရသည်။

အဆိုပါ ဆင်အန္တရာယ်ပြုမှုကြောင့် 

အင်းတော်ကြီးမြို့ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဒေသခံ ၂၈ ဦးအား ညောင်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ နေရာချထားပေးခဲ့ကြောင်း သိရသည်။ 

ဆင်အန္တရာယ်နှင့် ကြုံတွေ့နိုင်သည့် လမ်းကြောင်းတွင်   နေထိုင်ကြသည့် ဒေသခံများအား ကူညီပေးနိုင်ရန် တာဝန် ရှိသူများက   စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117