Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ မော်တော်ယာဉ် ကိုးစီး ထပ်ဆင့်တိုက်မှုဖြစ်ပွားမှုတွင် ဒဏ်ရာရရှိသူ ၅ ဦးရ

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့)

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ မော်တော်ယာဉ် ကိုးစီး ထပ်ဆင့်တိုက်မှုဖြစ်ပွားမှုတွင် ဒဏ်ရာရရှိသူ ၅ ဦးရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

အဆိုပါယာဉ်မတော်တဆမှု သည် ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)တွင် ဒီဇင်ဘာ ၂၃ ရက် ည ၉ နာရီ ၁၅ မိနစ်က ရန်ကုန်မြို့ ဒဂုံမြို့ သစ် (မြောက်ပိုင်း)မြို့နယ် အမှတ် (၃၈)ရပ်ကွက်တွင် ပြည်ထောင်စု လမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း ပြည့်ဖြိုးကျော် တပင် ရွှေထီးလမ်း (၂) ရပ်ကွက် လှိုင်သာယာ မြို့နယ်နေသူ မောင်းနှင်လာသော ၁၈ ဘီးယာဉ်သည် ပြည်ထောင်စုလမ်း နှင့် မင်းရဲကျော်စွာလမ်းဆုံ မီးပွိုင့် အရောက်တွင် အရှိန်လွန်ကာ ၎င်းရှေ့ ရှိ အခြားယာဉ်ရှစ်စီးအား ထပ်ဆင့်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ဒဂုံမြို့ သစ်(မြောက်ပိုင်း) မြို့နယ်မီးသတ် စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ သန္ဓေ တပ်ဖွဲ့ဝင် ခြောက်ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၅ ဦးတို့ဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ငါးဦး (မစိုးရိမ်ရ)ကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှ လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ပြည့်ဖြိုးကျော်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းက အမှု ဖွင့်အရေးယူထားကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.