ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၂၂ လုံး ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ထူးဟန်သစ်ကုမ္မဏီလုပ်ကွက်ရှိ ကျောက်မီးသွေးမိုင်းတစ်ခုတွင် မေ ၂၇ ရက် ညပိုင်း အလုပ်ဆင်းချိန်၌ မီသိန်းဓါတ်ငွေ့ ပေါက်ကွဲမှုကြောင့် လူ ၄ ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၈ရက် (ဆင်ဟွာ) ဇွန်လ ပထမ(၁၀)ရက်ပတ် တွင် မြစ်ရေများလက်ရှိရေအမှတ်များထက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် ဇွန်လ (၁ – ၅)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသ များသို့လည်းကောင်း၊ ဇွန်လ (၆ – ၁၀)ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးသို့လည်းကောင်း အသီးသီး ဝင်ရောက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၂၇ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၈၅/၅) အနီး တွင် မေ ၂၆ ရက်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း...
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် မုံရွာ-ကလေးဝ၊ မြစ်တွင်းရေလမ်း၌ ယနေ့ နံနက် ၈း၃၀နာရီ တွင် ကုန်တင် ဖလက်တွဲနှင့် အငှားဖောင်တွဲ ရေယာဉ်တို့တိုက်မှုဖြစ်ပွားခဲ့ရာ ရေယာဉ်ပေါ်ပါသူ (၁၁)ဦးအနက် (၅)ဦးသေဆုံး ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) လွန်ခဲ့သော(၂၄)နာရီအတွင်းက အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၂၄ ရက်(ဆင်ဟွာ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees – UNHCR) တို့အကြား မေ ၂၃...
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ အောင်သာယာကျေးရွာ ပါ ရပ်ကွက်/ကျေးရွာ ၉ ခု၌ လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၁၃၇ လုံး၊ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ ဆိုင်ကယ်ရပ်နားရန်နေရာ ၁ ခု အမိုးလန်၊ မီးဖိုဆောင်...
ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ) ချင်းပြည်နယ် တီးတိန် မြို့နယ် အတွင်း မော်တော်ယာဉ် တစ်စီးသည် မေ ၂၀ ရက်က ချောက်အတွင်းသို့ထိုးကျ တိမ်းမှောက် ခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာသူ လေးဦးမှာ သေဆုံးသွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။