Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၌ မီးလောင်မှု ဖြစ်ပွားကာ လူတစ်ဦး သေဆုံး

သာကေတမြို ့နယ်၌ ဖြစ်ပွားခဲ့သော မီးလောင်မှုအား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတ မြို့နယ်၌ စက်တင်ဘာ ၂၃ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦးမှာ သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

သာကေတ မြို့နယ် ၊ တောင်ရပ်ကွက်နေ ဒေါ်သန်းရီ၏ နေအိမ်ရှိ ထင်းမီးဖိုမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ရာ စုစုပေါင်း အိမ် ၃ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ၎င်း၏ လေဖြတ်နေသော ခင်ပွန်း ဖြစ်သူမှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် သာကေတ မြို ့မ ရဲစခန်းက ဒေါ်သန်းရီအား မီးလောင်မှု ၊ ပေါ့လျော့မှုကြောင့် လူသေမှု ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း သိရသည်။(Xinhua)