Connect with us

Environment, Disasters & Accidents

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့တွင် အင်အား ၄.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့တွင် အင်အား ၄.၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

၎င်းငလျင်သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၄၈)မိနစ်၊ (၄၈)စက္ကန့် အချိန်တွင် ပုသိမ်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၅)မိုင် ခန့်ကွာဝေးသော ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၏ အနောက်-အနောက်တောင်ဘက် (၂၂)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၆.၂၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၀၇) ဒီဂရီ၊ အနက် (၅၆)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.