ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) နေပြည်တော် ၊ ပျဉ်းမနား မြို့နယ် အတွင်း ဇွန် ၁၉ ရက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံး ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီမြို့နယ် သုံးဆယ်မြို့ ငဖြူးကလေးဘူတာနှင့်သုံးဆယ် ဘူတာကြားတွင် ရထား နှင့် ဆိုင်ကယ် တိုက်မိပြီး ၁ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ထံမှ သိရသည်။
နေပြည်တော်၊ ဇွန် ၁၁ရက်(ဆင်ဟွာ) ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှု စနစ်များကို ဖော်ထုတ်ရာ၌ နိုင်ငံ့စီးပွား ဖွံ့ဖြိုးလာ မှုနှင့်အတူ သဘာ၀ ပတ်ဝန်းကျင်အပေါ် ဖိအားပေးမှုမများ၊ အသစ်အသစ်သော စိန်ခေါ်မှုများ၊ အခွင့် အလမ်းများကို မျက်ခြေ မပြတ်ဖို့ လိုအပ်သည်ဟု သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး...
ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပဒူကောင်များ ကိုက်မိ၍ အမျိုးသမီး တစ်ဦး သေဆုံး သွားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ကွမ်းသီးမြောင်ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ မာဂရီသစ်တောကြိုးဝိုင်းအတွင်း၌ ဇွန် ၈ ရက် ညနေပိုင်းတွင် တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၂)လုံး ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ဇွန်လ ဒုတိယ(၁၀)ရက်ပတ် တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ အနောက် တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင် ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) မိုးကုတ်မြို့တွင် ယနေ့ နံနက် (၂) နာရီခန့်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ် (၂) လုံးပြိုကျပျက်စီးပြီး လူ (၁) ဦး သေဆုံး၊ (၂) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် လူ ၂၂ ဦးသေ၊ ၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းတွင် ဖော်ပြထားသည်။
နေပြည်တော်၊ ဇွန် ၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံအား ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသည့် နိုင်ငံအဖြစ် တည်ဆောက်ရာတွင် နိုင်ငံတော် အစိုးရ သာမက အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍ များ နှင့် ပြည်သူများ အားလုံးက တာဝန်ကိုယ်စီ လက်တွဲ...
ရန်ကုန် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) မုတ်သုံရာသီအစ မိုးဦးကာလ၌ ရေယာဉ်များ သဘာဝဘေးအ္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေလမ်း သတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။