Connect with us

Environment, Disasters & Accidents

စစ်ကိုင်း ၊ မန္တလေး နှင့် မကွေး တိုင်းဒေသကြီးတို့မှ လူဦးရေ လေးသောင်းကျော် ယာယီ ရေဘေးရှောင် နေရာများ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိ

တိုင်းဒေသကြီး/ပြည်နယ် အချို့ ၌ ရေကြီးရေလျှံမှု ဖြစ်ပွားမှု အခြေအနေများအား တွေ့ ရစဉ်(ဓာတ်ပုံ - Department of Disaster Management- Myanmar)

ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

ယခုနှစ် ဇူလိုင်လ အတွင်း တိုင်းဒေသကြီး/ပြည်နယ် အချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၃ ရက် အထိ အခြေ အနေ အရ စစ်ကိုင်း တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့ရှိ လူဦးရေ လေးသောင်း ကျော်မှာ ယာယီ ရေဘေးရှောင် နေရာများ၌ ပြောင်းရွှေ့နေထိုင်လျက် ရှိကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ယာယီရေဘေးရှောင်နေရာများ၌ စစ်ကိုင်းတိုင်းဒေသကြီး၌ ကသာ ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ခင်ဦး ၊ စစ်ကိုင်း၊ ကျောက်မြောင်း မြို့နယ်များ၌ အိမ်ထောင်စု ၄,၃၀၀ ကျော်၊ လူဦးရေ ၁၉,၅၀၀ ကျော် တို့သည် လည်းကောင်း ၊ မန္တလေးတိုင်းဒေသကြီး၌ သပိတ်ကျင်း ၊ စဉ့်ကူး ၊ စဉ့်ကိုင်၊ တံတားဦး ၊ တောင်သာ မြို့နယ်များတွင် အိမ်ထောင်စု ၄,၉၀၀ ကျော်၊ လူဦးရေ ၂၁,၀၀၀ ကျော် တို့သည် လည်းကောင်း ၊ မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ် နှင့် ရေနံချောင်းမြို့နယ်တို့၌ အိမ်ထောင်စု ၁၂၀ ၊ လူဦးရေ ၅၂၀ တို့သည်လည်းကောင်း ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ရေဘေးရှောင်ပြည်သူများသည် ယခုအခါတွင် ၎င်းတို့၏မူလနေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့ကြ ပြီး စခန်းများလည်းပိတ်သိမ်းပြီးဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်ရှိ ရေဘေးရှောင်ပြည်သူ များမှာလည်း ၎င်းတို့၏ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့လျက်ရှိပြီး အချို့နေရာများတွင် ကျန်ရှိနေသေးကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသား သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းကာ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း နှင့် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေများအပါအဝင် စုစုပေါင်း ကျပ် ၁,၆၉၈ သိန်းကျော် ထောက်ပံ့ပြီး ဖြစ်ကြောင်း နှင့် ထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.