Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၅၈)ကျောင်း ယာယီပိတ်

မြစ်ရေများ စာသင်ကျောင်းများအတွင်းသို့ ၀င်ရောက်နေမှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင် ရောက်လာမှုကြောင့် အခြေခံပညာကျောင်း(၅၈)ကျောင်း ယာယီပိတ်ထားကြောင်း ပြန်ကြားရေးဝနကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အခြေခံပညာ ကျောင်းပေါင်း ၁၃ ကျောင်းသည် ယာယီပိတ်ထားရာမှ ဇူလိုင်လ ၂၀ရက်နေ့မှစ၍ ၄၅ ကျောင်း ထပ်မံပိတ်ခဲ့ရသဖြင့် စုစုပေါင်း ၅၈ ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။

အလားတူ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၄၅)ကျောင်းကို ဧရာဝတီ မြစ်ရေ မြင့်တက်လာမှုကြောင့် ယာယီပိတ်ထားရကြောင်း သိရသည်။

အဆိုပါ ဧရာဝတီဖြစ်ရေမြင့်တက်လာမှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း စာသင်ကျောင်းများ ယာယီပိတ်ထားရပြီး လူများသည် ရေလွတ်ရာ ကုန်းမြင့်များဖြစ်သည့် နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်များ၊ စေတီပုထိုးများ ၊ဘုန်းတော်ကြီး များသို့ ပြောင်းရွှေ့ နေထိုင်ကြရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။(Xinhua)