ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ နံနက် ၃နာရီကျော်တွင် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) အနောက်ဘက်မှလာသော လေအေးများနှင့် ဘင်္ဂလားပင် လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင်(၆.၄.၂၀၁၉) ရက်နေ့မှ (၁၀.၄.၂၀၁၉)ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဧပြီ ၁ ရက်နှင့် ၂ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလအတွင်း နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ကျိုက်ထိုမြို့၊ မရမ်းကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်(၉၇/၁-၂)ကြား၌ မတ် ၃၁ ရက် နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၂ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ်၃၁ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း-အုတ်တွင်းကားလမ်း ပဲခူးရိုးမပေါ်တွင် မတ်လ ၃ဝ ရက်ကကားတစ်စီးချောက်ထဲပြုတ်ကျပြီး လူ၁၅ ဦးသေဆုံးကာ ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ် ဦးက ဆင်ဟွာကို ယနေ့ညနေ ၅း၃၀ နာရီတွင်ဖြေကြားခဲ့သည်။
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ယနေ့ညနေမှ (၄.၄.၂၀၁၉) ရက်နေ့အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ် အချို့တွင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်...
ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး မင်းလှ မြို့နယ် ၊ ရှားဖြူကွင်း ကျေးရွာအနီး၌ သစ်၊ မီးသွေး၊ ဝါးများ တင်ဆောင် မောင်းနှင် လာသည့် ၆ ဘီးယာဉ် တစ်စီးသည် မတ် ၂၉ ရက်တွင် တိမ်းမှောက်ခဲ့ရာ လူ ၃...
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မင်းလှ မြို့နယ်၊ ထန်းကိုင်းဒေသရေနံမြေရှိ ရေနံမှော်အတွင်း ရေနံခပ်စဉ် ရေနံခွက်နှင့် သံကတော့ ပွတ်တိုက်မှုဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ လက်ခုပ်ကွင်း ကျေးရွာ၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၇၄/၁-၂)ကြားတွင် မတ် ၂၈ ရက် နံနက်ပိုင်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး လူ ၃ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။