Connect with us

Environment, Disasters & Accidents

အမြန်လမ်းမကြီး၌ ကားမီးလောင်ပြီး လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ


ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၁၉/၁ အနီးတွင် ယနေ့ ဧပြီ ၁၇ ရက် နေ့လည် ၁၂နာရီ ၂၀မိနစ်တွင် ကားမီးလောင်မှုဖြစ်ပွားပြီး လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အမြန်လမ်းမကြီး၌ အံစာတုံးအဖြူရောင်ယာဉ်သည် ယာဉ်နောက်ပိုင်းမှ ညှော်နံရ၍ လမ်းဘေးချရပ်နားစဉ် မီးခိုးများထွက်လာပြီး မီးလောင်ကျွမ်းခဲ့ကြောင်း၊ ယင်းမီးလောင်ကျွမ်းမှုကို အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ပြင်စည်စခန်းမှ တပ်ဖွဲ့ဝင်များနှင့်အထောက်အကူပြု အဖွဲ့များက မီးဝိုင်းငြှိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီး၌ ကားမီးလောင်နေမှုအား မီးသတ်တပ်ဖွဲ့မီးငြှိမ်းသတ်နေစဉ်(ဓာတ်ပုံ-အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ)

ယင်း ကားမီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၅ဦးနှင့် အမျိုးသမီး ၆ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ယာဉ်တစ်စီးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။(Xinhua)