Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ မော်တော်ယာဉ် ၁ စီးမှ စက်ဘီးနှင့် မော်တော်ယာဉ် ၅ စီးအား ဆင့်ကဲတိုက်မိမှုဖြစ်ပွား

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဧပြီ ၂၀ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ မော်တော်ယာဉ် ၁ စီးမှ စက်ဘီးနှင့် မော်တော်ယာဉ် ၅ စီးအား ဆင့်ကဲတိုက်မိမှုဖြစ်ပွားခဲ့ပြီး စက်ဘီးစီးနင်းသည့် အမျိုးသားသည် အခင်းဖြစ်နေရာ၌သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ ၂၃း၀၀နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းအတိုင်း သာကေတမြို့နယ်ဘက်မှ သုဝဏ္ဏဘက်သို့ ဗလ(၂၄)နှစ်၊ (ဘ)ဦးဇော်ခိုင် နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်နေသူ မောင်းနှင်သည့် YGN BB-×××× AD Van အငှားယာဉ်သည် (၂၄)ရပ်ကွက်၊ ဧရာဝတီဘဏ်အနီး၌ ရှေ့မှ အမျိုးသား ၁ ဦး(စိစစ်ဆဲ)စီးနင်းသည့် စက်ဘီးအား တိုက်မိပြီး မောင်းနှင်ထွက်ပြေးရာ (၂၉)ရပ်ကွက်၊ ပေါ်ဆန်းမွှေးမီးပွိုင့်အရောက်တွင် မျက်နှာချင်းဆိုင်မှ ဝဲဘက်ကွေ့ရန် ရပ်ထားသော ဦးတင်မောင်သောင်း(၅၂)နှစ်၊ (ဘ)ဦးတင်မြင့်(၂၉)ရပ်ကွက်နေသူ မောင်းနှင်သည့် YGN 4M-×××× Toyota Fielder ယာဉ်နှင့် လမ်း၏ ယာဘက်ဘေးတွင် ရပ်ထားသည့် မော်တော်ယာဉ် ၄ စီးအား ထပ်ဆင့်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် စက်ဘီးစီးနင်းသည့် အမျိုးသားတွင် ဦးခေါင်း/ ယာပခုံး/ လက်/ ခြေထောက် ပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ၂၃း၄၀နာရီ အချိန်တွင် အလောင်းအား သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ဧပြီလ ၁၉ ရက်နေ့ ၀၃း၄၅နာရီ အချိန်တွင် ယာဉ်မောင်း ဗလအား သုဝဏ္ဏနယ်မြေရဲစခန်း ယာဉ်(ပ)၁၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၇၉ (ပေါ့လျော့မှုကြောင့် လူသေစေမှု/ ယာဉ်မဆင်မခြင်မောင်းနှင်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)