Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင်လေပြင်း တိုက်ခတ်မှုကြောင့်နေအိမ်အချို့အမိုးလန်ပြိုလဲပျက်စီး

အမိုးလန်ပျက်စီးမှုတစ်ချို့အားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် ဧပြီလ ၁၇ ရက် ညနေ (၅)နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်အချို့ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ဆောင်အချို့ အမိုးလန်ပြိုကျ ပျက်စီးခဲ့ကြောင်းသိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပလောင်းကျေးရွာတွင် လူနေအိမ်(၃)လုံး၊ ကျောက်မဲတောင် ကျေးရွာတွင် လူနေအိမ်(၄)လုံး၊ ကျောက်တံခါးကျေးရွာတွင် လူနေအိမ်(၂)လုံး၊ မြေနီ(မ)တွင် လူနေအိမ် (၉)လုံး ပေါက်ချောင်း အထက်စုကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ သရက်တောကျေးရွာတွင် လူနေအိမ် (၂)လုံး၊ လင်ထောင်ကျေးရွာ တွင် လူနေအိမ်(၁၇)လုံးနှင့် ဘုန်းတော်ကြီးကျောင်း၊ ခင်တန်းရှည် ကျေးရွာတွင် လူနေအိမ်(၁)လုံး၊ မိုးကောင်းကျေးရွာတွင် လူနေအိမ်(၂)လုံး၊ မျှားပိုင်းကျေးရွာတွင် လူနေအိမ်(၆၂)လုံးနှင့် စာသင်ကျောင်း၊ ရွှေဘုံသာ ကျေးရွာတွင် လူနေအိမ်(၁)လုံး၊ ခင်အေးကျေးရွာတွင် လူနေအိမ်(၂)လုံးနှင့် ဘုန်းတော်ကြီးကျောင်း၊ လေးပင်အိုင့်ကျေးရွာ တွင် လူနေအိမ်(၁)လုံး၊ စာသင် ကျောင်းဆောင်နှင့် ဘုန်းတော်ကြီးကျောင်း၊ လေပြင်းဒဏ်ခံခဲ့ရသည့် ကျေးရွာများမှ နေအိမ်ပေါင်း (၁၀၆)လုံး၊ ဘုန်းတော်ကြီး ကျောင်း(၄)ကျောင်းနှင့် စာသင်ကျောင်းဆောင်(၁)ဆောင် အမိုးလန်ပျက်စီးခဲ့ပြီး မျှားပိုင်းကျေးရွာမှ နေအိမ်(၂)လုံး မိုးကောင်းကျေးရွာမှ နေအိမ်(၁)လုံးနှင့် ကျောက်မဲတောင်တောတိုက်မှ နေအိမ် (၁)လုံး စုစုပေါင်း နေအိမ်(၄)လုံးပြိုလဲ ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117