ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ကျောက်ဖြူခရိုင်၊မာန်အောင်မြို့၊ဇီးတောကမ်းခြေနှင့် (၄)မိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်သို့ ပြုပြင်ရန်လာရောက်သည့် သင်္ဘောသည် ယနေ့ နံနက် ၄နာရီခွဲခန့်က နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး သင်္ဘောနစ်မြုပ်မှုကြောင့် ပျောက်ဆုံးသူများအား ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ၊ မုဒုံ မြို့နယ် အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကာ လူနေအိမ် ၅ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး လူတစ်ဦး သေဆုံး ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) မန္တလေး တိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ် ၆၂ လမ်းနှင့် ကနောင်မင်းသားကြီးလမ်းဆုံ၌ ဖေဖော်ဝါရီ ၇ ရက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး...
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေနည်းကာလအတွင်း ကုန်တင်ရေယာဉ်များနှင် လူစီးအမြန်ရေယာဉ်များ ရေကြောင်းပြ အမှတ်အသားများ ပြသထားသည့် ရေလမ်းကြောင်းများအတိုင်း စနစ်တကျမောင်းနှင်ကြရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် လူ၁၇ ဦး(ကျား ၇၊ မ ၁၀)ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက်(၃၃)မိုင်ခန့် အကွာ တွင် အနက် (၉၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်၊ ရွာသာယာကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ တွန်းသဘောၤ တစ်စင်းသည် မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားကာ သဘောၤပေါ်ရှိ လူ ၅ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ် အတွင်း သစ်များ တင်ဆောင်လာသော ၆ ဘီးယာဉ် တစ်စီးသည် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ ၏ မြောက်-အရှေ့မြောက်ဘက် (၂၄)မိုင်ခန့်အကွာ အနက် (၆၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။