Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် မိုင်းဖြတ် မြို့နယ်၌ ခြောက်ဘီးယာဉ် တစ်စီး လမ်းဘေး ချောက်ထဲသို့ထိုးကျ တိမ်းမှောက်ကာ ယာဉ်မောင်း တစ်ဦး သေဆုံး

လမ်းဘေး ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်သွားခဲ့သည့် ယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - Myanmaalinn)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ခြောက်ဘီး ယာဉ်တစ်စီးသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် လမ်းဘေး ချောက်ထဲသို့ထိုးကျ တိမ်းမှောက်ကာ ယာဉ်မောင်း တစ်ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ကျိုင်းတုံ-မိုင်းဖြတ်သွား ပြည်ထောင်စု ကားလမ်းမပေါ် ၊ ဆိုင်းလေ ကျေးရွာ နှင့် ဆွပ်ပလောင်း ကျေးရွာကြား မိုင်တိုင် အမှတ် (၆၉၆/၆၉၇) ကီလိုမိတာကြားတွင် ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်းနှင်လာသည့် ခြောက်ဘီး ယာဉ်တစ်စီး သည် ရုတ်တရက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေး ပေ(၁၅၀)ခန့်ရှိ ချောက်အတွင်း သို့ ထိုးကျတိမ်းမှောက်သွားခဲ့ရာ ယာဉ်မောင်း ဖြစ်သူမှာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း ၊ ယာဉ်ပေါ်တွင် လိုက်ပါလာသူ တစ်ဦးမှာ (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့မရဲစခန်းမှ ယာဉ်မောင်းနှင်သူအား အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.