Connect with us

Environment, Disasters & Accidents

ဖမ်းဆီး ရမိသော ဆင်စွယ် ၊ ဆင်အစိတ်အပိုင်း နှင့် တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်း ကာလတန်ဖိုး ကန်ဒေါ်လာ ၁.၁၅ သန်းခန့်အား ဖျက်ဆီး


ရန်ကုန် ၊ မတ် ၃ ရက်(ဆင်ဟွာ)

တောရိုင်းတိရစ္ဆာန်များကို တရားမဝင် ဖမ်းဆီး သတ်ဖြတ်ခြင်းအား ဥပဒေအရ ထိရောက်စွာ အရေးယူ တားဆီးရေး လုပ်ငန်း များ ဆောင်ရွက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သည့် ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၁၅ သန်းခန့် ၊ မြန်မာ ကျပ်ငွေ သိန်းပေါင်း ၁၇,၂၂၀ သိန်းခန့်တန်ဖိုးရှိ ဆင်စွယ် ၊ ဆင်အစိတ်အပိုင်း နှင့် တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းများအား ဒုတိယ အကြိမ် ဖျက်ဆီးခြင်းအား ယနေ့တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုသို့ဖျက်ဆီးခဲ့သော တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းများတွင် ဆင်စွယ် ၂၁၉ ချောင်း ၊ ဆင်နှာမောင်း အကွင်းခြောက် ၂၁၀ ခု ၊ ကျား နှင့် ကျားသစ် အပါအဝင် တိရစ္ဆာန် အရိုး မျိုးစုံ ၅၂၇ ချောင်း ၊ တိရစ္ဆာန် ဦးချို မျိုးစုံ ၈၀၀ ချောင်း ၊ သင်းခွေချပ် အကြေးခွံ ၁၃၄.၇၂ ကီလိုဂရမ် နှင့် အခြား တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်း မျိုးစုံ ၂၄၁ ခု စုစုပေါင်း အလေးချိန် ၇၆၆.၁၁ ကီလိုဂရမ် ပါဝင်ကြောင်း သိရသည်။

သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက နှစ်စဉ် တိုးတက် များပြား လုပ်ဆောင် လာသည့် ဆင်အပါအဝင် တောရိုင်း တိရစ္ဆာန်များ အမဲလိုက် သတ်ဖြတ်ခံနေရမှု ၊ တောရိုင်း တိရစ္ဆာန် နှင့် ယင်းတို့၏ အစိတ်အပိုင်းများကို တရားမဝင် ကူးသန်း ရောင်းဝယ်နေမှုများအား ဥပဒေ အရ ထိရောက်စွာ တားဆီး နှိမ်နှင်းရေး အတွက် လုပ်ငန်း အစီအမံများကို ဆက်စပ် ဝန်ကြီးဌာနများ ၊ အစိုးရ အဖွဲ့အစည်းများ ၊ ပြည်တွင်း/ပြည်ပ မိတ်ဖက် အဖွဲ့အစည်းများ နှင့် အတူ ပူးပေါင်း ဆောင်ရွက်နေကြောင်း ၊ အဆိုပါ လုပ်ငန်းစဉ်တွင် ပြည်သူလူထုက အသိစိတ်ဓာတ် ရှိရှိဖြင့် ပါဝင် ကူညီ ဝိုင်းဝန်း တားဆီးပေးခြင်း ၊ သတင်း ပေးခြင်းများ လုပ်မှသာ အောင်မြင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖမ်းဆီး ရမိသော ဆင်စွယ် ၊ ဆင်အစိတ်အပိုင်း နှင့် တောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းများအား ဖျက်ဆီးနေမှု မြင်ကွင်းများ(ဆင်ဟွာ)

ထိုကဲ့သို့ဖျက်ဆီးရခြင်းသည် တောရိုင်းတိရစ္ဆာန် နှင့် သစ်ပင်ပန်းမန်များ ၊ ယင်းတို့၏ အစိတ်အပိုင်းများ တရားမဝင် ကူးသန်း ရောင်းဝယ်မှုများအား ဥပဒေ အရ ထိရောက်စွာ တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်ကို ပြည်သူတို့ ပိုမို သိရှိ လာစေရန် ၊ ထိုတရားမဝင် လုပ်ငန်းများနှင့် ပတ်သက်သည့် ပြည်တွင်းဈေးကွက်များ ပိတ်သိမ်းခြင်း၊ အရေးယူ ဆောင်ရွက်ခြင်း တို့အတွက် အသိပေး ကြေညာနိုင်ရန်၊ မြန်မာနိုင်ငံ၏ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက် နေခြင်းကို နိုင်ငံတကာမှ သိရှိလာပြီး ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာစေရန် ရည်ရွယ် ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့် တန်ဖိုးရှိ ဆင်စွယ် ၊ ဆင်အစိတ်အပိုင်း နှင့် တောရိုင်း တိရစ္ဆာန် အစိတ် အပိုင်း များအား ၂၀၁၈ ခုနှစ် အောက်တိုဘာလ အတွင်း နေပြည်တော်၌ မီးရှို့ဖျက်ဆီးခဲ့ပြီး ယခု ဒုတိယ အကြိမ် ရန်ကုန်မြို့၌ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုများသည် ၂၀၁၀ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အထိ ၁၂၂ ကောင် အသတ်ခံခဲ့ရပြီး အများဆုံး ကျူးလွန်နေသည့် ဒေသများမှာ ရန်ကုန် ၊ ပဲခူး ၊ ဧရာဝတီ တိုင်းဒေသကြီး တို့ဖြစ်ပြီး ဆင်သတ်ဂိုဏ်းများသည် ရခိုင်ပြည်နယ် ၊ မန္တလေး နှင့် စစ်ကိုင်း တိုင်းဒေသကြီးဘက် အထိပါ ရွှေ့ပြောင်းပြီး သတ်ဖြတ် မှုများ ပြုလုပ်လာခဲ့ကြောင်း ထုတ်ပြန်မှုများ အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.