Connect with us

Environment, Disasters & Accidents

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၌ တံတားကျိုးကျပြီး ချောင်းအတွင်း ယာဉ်ထိုးကျမှုကြောင့် လူ ၆ ဦး သေဆုံး

တံတားကျိုးကျပြီး ချောင်းအတွင်း ယာဉ်ထိုးကျမှု မြင်ကွင်း(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

ဧရာဝတီ တိုင်းဒေသကြီး အင်္ဂပူမြို့နယ် အတွင်း သစ်များ တင်ဆောင်လာသည့် Faw ယာဉ်တစ်စီးသည် ဖေဖော်ဝါရီ ၂၂ ရက်တွင် သစ်သားတံတား တစ်စင်းပေါ်သို့ဖြတ်သန်းစဉ် တံတားကျိုး၍ ချောင်းအတွင်းသို့ ထိုးကျသွားခဲ့ရာ ယာဉ်ပေါ်ပါရှိသူ ၆ ဦး သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

အင်္ဂပူမြို့နယ်၊ တစ်တီတူးကွင်းကျေးရွာနှင့် ဘန့်ဘွေးကုန်းကျေးရွာတို့ ဆက်သွယ်ထားသည့် စက်ဘီး/ဆိုင်ကယ် များသာ ဖြတ်သန်း ခွင့်ပြုထားသော တံတား တစ်စင်းပေါ်သို့သစ်များ တင်ဆောင်လာသည့် ယာဉ်သည် ယာဉ်မောင်း အပါအဝင် ၁၁ ဦး လိုက်ပါလာခဲ့ကြောင်း ၊ ယာဉ်ဖြတ်သန်းမောင်းနှင်စဉ် တံတားကျိုး၍ ယာဉ်မှာ ချောင်း အတွင်းသို့ ထိုးကျသွားခဲ့ကြောင်း ၊ ယာဉ်ပေါ်ပါ ၆ ဦးမှာ သေဆုံး သွားခဲ့ပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သေဆုံး/ဒဏ်ရာ ရရှိသူများအား ထူးကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်းနှင်သူအား ထူးကြီး နယ်မြေ ရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)