Environment, Disasters & Accidents
အမြန်လမ်းမကြီး၌ ကား ချောက်ထဲထိုးကျ၍ လူ ၄ဦး ဒဏ်ရာရရှိ
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)
ရန်ကုန်-နေပြည်တော်အမြန်လမ်း၊မိုင်တိုင်အမှတ် ၁၀မိုင်၆ဖာလုံတွင် ယနေ့ နေ့လည် ၂နာရီ ၂၅မိနစ်တွင် လမ်းဘေး ချောက်ထဲသို့ ထိုးကျ၍ လူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ယာဉ် ချောက်ထဲသို့ ထိုးကျမှုဖြစ်ပွားရာသို့ (၁၁) မိုင်အမြန်လမ်း မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်း ချောက်အတွင်း ထိုးကျမှုကြောင်း ကျား(၂)ဦး၊ မ( ၂) ဦး ထိခိုက်ဒါဏ်ရာ(မစိုးရိမ်ရ)တို့အား အမြန်လမ်း ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် လှည်းကူးဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။(Xinhua)