Myanmar
၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၀ ခုကျော် ရရှိနိုင်ရန်မျှော်မှန်းထား

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၇ မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွှေတံဆိပ် ၁၀ ခုကျော် ရရှိနိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ယနေ့ ဇွန် ၉ ရက်တွင်ပြောသည်။

၁၁ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ရန် လေ့ကျင့်မှုများဆောင်ရွက်နေသော မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများအားတွေ့ရစဉ် (ဆင်ဟွာ)

ဦးမျိုးမြင့်က “၉ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတုန်းက မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားတွေအနေနဲ့ ရွှေတံဆိပ်ဆုကြီးပဲ ၁၁ ဆု ရခဲ့တယ်။ အခုလည်း ရွှေတံဆိပ်ဆု ၁၀ ခုကျော်ရအောင် ကြိုးစားပြင်ဆင် ထားပါတယ်။ ကျန်းမာရေးအနေနဲ့ဆိုရင်လည်း COVID-19 စည်းမျဉ်းစည်းကမ်းနဲ့ အညီ လေ့ကျင့်မှုတွေဆောင်ရွက်ပါတယ်။ အပတ်စဉ်၊ လစဉ် ကျန်းမာရေးစစ်ဆေးမှုတွေ၊ ခြေတု၊လက်တု စစ်ဆေးမှုတွေလည်းဆောင်ရွက်ပေးနေပါတယ်’’ ဟုပြောသည်။
၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဇူလိုင် ၃၀ ရက် မှ သြဂုတ် ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီးမြန်မာနိုင်ငံမှ မြားပစ်၊ ပြေးခုန်ပစ်၊ Goalball ၊ ရေကူး၊ ဘောလုံး၊ ထိုင်လျက်ဘော်လီဘောနှင့် အလေးမ စသည့် အားကစားနည်း ၇ မျိုး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ သိရသည်။
မြန်မာ့လက်ရွေးစင် မသန်စွမ်းပြေးခုန်ပစ်အားကစားသမားတစ်ဦးဖြစ်သူ ကိုကျော်ကျော်ဝင်းက “ကျွန်တော်အနေနဲ့ ၁၁ကြိမ်မြောက် အာဆီယံမသန်စွမ်းအားပြိုင်ပွဲ ရဲ့ ပြေးခုန်ပစ်ပြိုင်ပွဲ မှာဆိုရင် မီတာ ၂၀၀ နဲ့ မီတာ ၄၀၀ ကစားနည်းမှာ သွားရောက်ယှဉ်ပြိုင်မှာပါ။ ကျွန်တော်က ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲကတည်းကစပြီး ပြေးခုန်ပစ်အားကစားကို ကစားခဲ့တာပါ။ ဆုတွေအနေနဲ့ကတော့ ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၄ ခုရဖူးပါတယ်။’’ ဟု ဆင်ဟွာသို့ ယနေ့ ဇွန် ၉ ရက်တွင်ပြောသည်။
“ကစားနည်း ၇နည်းမှာ ပြေးခုန်ပစ်နဲ့ ရေကူး ကစားနည်းတွေက တစ်ဦးချင်းစီ ယှဉ်ပြိုင်ရတာဖြစ်တဲ့အတွက် သေချာပေါက် ရွှေ၊ငွေ၊ ကြေးရနိုင်တဲ့ ကစားနည်းတွေပဲ။ သေချာပေါက် အဲဒီ ၂ ခုကတော့ အားထားရပါတယ်။ ကျန်တဲ့ အားကစားနည်းတွေမှာ အဖွဲ့လိုက်ကစားတာတွေရှိတယ်။ ထိုင်လျက်ဘောလီဘောဆိုရင် အဖွဲ့လိုက် ကစားတာ။ မြန်မာနိုင်ငံအနေနဲ့ ဘောလီဘောက ရွှေယူနေကြပဲ။ ဒါလည်းရွှေရနိုင်ပါတယ်။ ရွှေ၊ ငွေ၊ ကြေး ရနိုင်မယ့် ကစားနည်းတွေကိုပဲ ရွေးပြီး စေလွှတ်တာပါ။ မြန်မာ့လက်ရွေးစင် မသန်စွမ်းကစားသမား ၆၉ ဦး၊ နည်းပြ ၂၁ ဦး နဲ့ အုပ်ချုပ်မှု အဖွဲ့တွေ သွားရောက်ယှဉ်ပြိုင်ကြမှာပါ’’ ဟု ဦးမျိုးမြင့်က ဖြည့်စွက်ပြောကြားသည်။
၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဇူလိုင် ၃၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ဖွင့်ပွဲကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ သွားရင် ဇူလိုင် ၂၆ ရက် ၊ ၂၇ ရက်တွေမှာ သွားရမှာပါ။ အင်ဒိုနီးရှားနိုင်ငံကို ရောက်ပြီးရင်ကြိုတင်ပြင်ဆင်မှု အနေနဲ့ ဆေးစစ်ရမှာပါ။ နောက်ပြီး သူတို့ နိုင်ငံက ကွင်းတွေကို လေ့ကျင့်ကွင်းပေးတယ်။ တကယ့်ပြိုင်မယ့် ကွင်းမှာလည်း သွားပြီး လေ့ကျင့်တာတွေ လုပ်ရတယ်။ အဲဒီအတွက် ကျွန်တော်တို့ ကြိုသွားရတာဖြစ်ပါတယ်’’ ဟု ဦးမျိုးမြင့်က ပြောသည်။
၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ အာဆီယံနိုင်ငံအားလုံး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားနည်းအလိုက် ကွာခြားမှုများ ရှိမည်ဖြစ်ကြောင်း သိရသည်။(Xinhua)