Connect with us

Media

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက မြန်မာ့ရွှေရည်ညွှန်းစျေးကို ဗဟိုဘဏ်လေလံစျေးဖြင့် ပြောင်းလဲတွက်ချက်၍ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မြန်မာ့ရွှေရည်ညွှန်းစျေးကို အောက်တိုဘာ ၇ ရက်မှစပြီး ဗဟိုဘဏ်လေလံစျေးဖြစ်သော အမေရိကန်တစ်ဒေါ်လာ ကျပ်၂,၉၀၀ ကျော်နှင့် ပြောင်းလဲတွက်ချက်၍ ထုတ်ပြန်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ယနေ့အောက်တိုဘာ ၈ ရက်တွင်ပြောသည်။

ဦးမျိုးမြင့်က “အရင်ကတော့ ကျွန်တော်တို့ဗဟိုဘဏ်ဈေးဖြစ်တဲ့ ကျပ် ၂,၁၀၀ ဈေးနဲ့ တွက်တယ်။ ကျွန်တော်တို့ စပြီး ရည်ညွှန်းဈေးပြောင်းလဲတဲ့ အောက်တိုဘာ ၇ ရက်မှာဆိုရင် ဗဟိုဘဏ်ရဲ့ လေလံဈေးက တစ်ဒေါ်လာကို ၂၉၃၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်။ အဲဒီလေလံဈေးအတိုင်း ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ဗဟိုလေလံဈေးနဲ့တွက်ချက်ပါသည် ဆိုပြီးကျွန်တော်တို့ ထုတ်ပြန်ခဲ့ပါတယ်” ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းသည် အောက်တိုဘာ ၇ ရက်မတိုင်မီက ဗဟိုဘဏ်ဒေါ်လာ မြန်မာ့ရွှေရည်ညွှန်းစျေး ကို အမေရိကန်တစ်ဒေါ်လာလဲလှယ်ဈေး ၂,၁၀၀ ကျပ်နှင့် သတ်မှတ်ပြီး ရွှေစျေး ၂၁ သိန်းကျော်ဟုဖော်ပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ရွှေဈေးနှုန်းတည်ငြိမ်စေရန် လက်ငင်းအရောင်းအဝယ်လုပ်ခြင်း၊ နယ်စပ်ဖြတ်ကျော်၍ ရွှေများထွက်မသွားစေရန်ဆောင်ရွက်ခြင်း၊ လိုင်စင်ရှိမှ ရွှေအရောင်းအဝယ်လုပ်ခြင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်း ဦးမျိုးမြင့်၏ ပြောကြားချက်အရ သိရသည်။
ဦးမျိုးမြင့်က “ရွှေအတုံးအခဲ ရောင်းချခွင့်လိုင်စင် မရှိဘဲ အွန်လိုင်းပေါ်မှာ ဘယ်ဈေးရောင်းမယ်။ ဘယ်ဈေးဝယ်မယ်ဆိုတာ တင်လို့မရပါဘူး။ ဈေးကိုကစားချင်သူကဆွဲတင်တာမျိုးမလုပ်ဖို့ အသင်းအနေနဲ့ တားမြစ်ထားပါတယ်” ဟုပြောသည်။

ရွှေဈေးနှုန်းသည် ဒီဇင်ဘာလအထိ ကျဆင်းသည့် ရာသီဖြစ်သောကြောင့် ကောလာဟလကို မယုံကြည်ရန် ၎င်းကဆိုသည်။“ရွှေက ဈေးကွက်ထဲမှာ အများကြီးရှိပါတယ်။ ဒါကြောင့်ကောလာဟလကို မယုံဖို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။အောက်တိုဘာ ၇ ရက်တွင် YGEA က ရည်ညွှန်းဈေးကို ရွှေတစ်ကျပ်သား ကျပ် ၂,၈၆၆,၃၀၀ ဖြင့် ထုတ်ပြန်ခဲ့ပြီး ယနေ့ အောက်တိုဘာ ၈ ရက် တနင်္ဂနွေနေ့တွင် ရွှေဈေးကွက်ပိတ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.