ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး ၏ ၅၆ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ဓာတ်အားသုံးစွဲနိုင်ပြီ ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် စီးတီးတက္ကစီ သက်တမ်းတိုးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ယာဉ်အစီးရေအလိုက် စီမံမှုများ ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ စတင်လုပ်ဆောင်ဖြစ်မည့်အချိန်အား ကြိုတင်ကြေညာသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ ဒီဇင်ဘာ ၅ ရက်တွင်ပြောသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) ရေးသားသူ/စိုးသန်းလင်း ပြန်ကြားရေး ဝန်ကြီးဌာန၊ အမျိုးသား စာပေဆုစိစစ် ရွေးချယ်ရေး ကော်မတီက ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာ ဆုရှင်နှစ်ဦး၊ အမျိုးသားစာပေဆု ရရှိသော စာအုပ်များနှင့် စာရေးဆရာများ အမည်စာရင်းကို ဒီဇင်ဘာ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း နိုင်ငံပိုင်...
နေပြည်တော်၊ ဒီဇင်ဘာ ၅ရက်(ဆင်ဟွာ) ရေးသားသူ/စိုးသန်းလင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေး အဖွဲ့က ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ ကြောင်း ပြန်ကြားရေး...
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးရှိသူ ၅ဦးလျှင် လူ၈၀ဦးထံသို့ ထပ်မံကူးဆက်ခံရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လူစုလူဝေးကိစ္စများအားရှောင်ကြဉ်သင့်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆင်ဟွာသို့ဒီဇင်ဘာ...
နေပြည်တော်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးကို ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပခဲ့ပြီး ၎င်း အစည်းအဝေးကို ယနေ့ဆက်လက်ကျင်းပခဲ့ရာ ညနေပိုင်းတွင် အောင်မြင်စွာ...
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိကျောက်ခေါင်း ကျောင်းဂူများနှင့် လုံကာကုန်းကျောက်ခေတ်ဒေသတို့ကို ရှေးဟောင်းသုတေသနနည်းပညာ သင်တန်းကျောင်းမှ ရှေးဟောင်းသုတေသနဆိုင်ရာ စမ်းသပ် တူးဖော်သုတေသနပြုခြင်း ဆောင်ရွက်ခဲ့ကြောင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လည်း ရှေးဟောင်းသုတေသနဆိုင်ရာစမ်းသပ်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကိုကိုနိုင်က ဆင်ဟွာသို့...
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) အနေဖြင့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ရှိအိတ်ချိန်းတချို့အား ခေတ်မီအိတ်ချိန်းစက်များပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ်မှ မြန်နှုန်းမြင့် သတင်းအချက်အလက်ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ်နှင့် ကြိုးမဲ့စနစ်သုံးတယ်လီဖုန်းများဖြင့်ပြောင်းလဲ တပ်ဆင်မည်ဖြစ်သောကြောင့် အော်တိုတယ်လီဖုန်းနံပတ်များ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးဆွေက...
နေပြည်တော်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများနှင့် တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်များရှိ Stay at Home အစီအစဉ်တွင်အကျုံးဝင်ခြင်း မရှိသော မြို့နယ်များမှ ရုံး/ ဌာန ဝန်ထမ်းများ အနေဖြင့် ဒီဇင်ဘာ ၇...
ရန်ကုန်၊ ဒီဇင်ဘာ၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ့ပင်လယ်ပြင်၏ ၃ရာခိုင်နှုန်းကျော်ကို အဏ္ဏဝါထိန်းသိမ်းရေးဧရိယာအဖြစ်သတ်မှတ်ပြီးဖြစ်ကြောင်း ၊ ၂၀၂၁ ခုနှစ်တွင် နောက်ထပ် အဏ္ဏဝါထိန်းသိမ်းရေးဧရိယာသစ်များ ထပ်မံသတ်မှတ်ရန်ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ဆင်ဟွာသို့ ယနေ့ဒီဇင်ဘာ ၃ ရက်တွင်ပြောသည်။