Connect with us

Culture & Entertainment

အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့တွင် တစ်နိုင်ငံလုံးရှိ ပြတိုက်များကို အခမဲ့ဝင်ရောက် လေ့လာခွင့်ပြုမည်

နေပြည်တော်ရှိအမျိုးသားပြတိုက်ခင်းကျင်းပ ပြသထားမှုအား တွေ့ရစဉ် (ဓာတ်ပုံ--ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန)

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ရှေးဟာင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရှိ ပြတိုက်များအားလုံးကို အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့၌ အခမဲ့ဝင်ရောက်လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာသို့ ယနေ့ မေ ၁၇ ရက်တွင်ပြောသည်။“မေ ၁၈ ရက်က အပြည်ပြည်ဆိုင်ရာ ပြတိုက်နေ့ဖြစ်တဲ့အတွက် လာရောက်လေ့လာကြည့်ရှုသူတွေ ကို ဝင်ကြေးအခမဲ့နဲ့ ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဘယ်လိုတွေ ခင်းကျင်းပြသထားလဲဆိုတာကိုတော့ ပြတိုက်ကို လာရောက်ကြည့်ရှုရင် တွေ့ရှိရမှာဖြစ်ပါတယ်’’ ဟု ဦးအာကာကျော်ကပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ပြတိုက်စုစုပေါင်း ၂၂ ခုခန့်ရှိပြီး အမျိုးသားပြတိုက်ကို ရန်ကုန်နှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်ထားကြောင်းသိရသည်။

“အပြည်ပြည်ဆိုင်ရာ ပြတိုက်နေ့ကတော့ Theme လေးတွေရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အပြည်ပြည်ဆိုင်ရာ ပြတိုက်နေ့ကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ပြတိုက်နေ့မှ မဟုတ်ပါဘူး ကျန်တဲ့နေ့တွေမှာလည်း လာရောက်လေ့လာလို့ရပါတယ်’’ ဟု ဦးအာကာကျော်က ဖြည့်စွက်ပြောကြားသည်။ပြတိုက်ဖွင့်ချိန်မှာ နံနက် ၉:၃၀ နာရီမှ ညနေ ၄:၀၀ နာရီ အထိဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.