Connect with us

Myanmar

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့တွင် ဘိန်းဖြူ ၆၈.၂၅ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သိမ်းဆည်းရမိသည့် ဘိန်းဖြူဘလောက်တုံးများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- CCDAC Myanmar)

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့တွင် ဘိန်းဖြူ ၆၈.၂၅ ကီလိုဂရမ် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) ၏ မေ ၂၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မေလ ၂၂ ရက်၌ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့အဝင်၊ ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် မော်တော်ယာဉ် နှစ်စီးကို ရှာဖွေခဲ့ရာ အလေးချိန် ၆၈.၂၅ ကီလိုဂရမ်ရှိ ဘိန်းဖြူဘလောက်တုံး ၁၉၅ တုံးကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အမှုများအတွက် သံသယရှိသူ သုံးဦးကို ဖမ်းဆီးထားပြီး သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများမှာ မြန်မာကျပ်ငွေ ၁ ဘီလီယံကျော်တန်ဖိုးရှိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း CCDAC Myanmar မှ သိရသည်။

ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ တရားစွဲဆိုထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117