Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၄၀ ကျော်ထိ တိုးလာ

ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခံရသော နေရာများတွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက် တိုက်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက် ၁၄၀ ကျော်အထိ တိုးလာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မေ ၁၉ ရက်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခံရသော နေရာများတွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခံရသော နေရာများတွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- မြဝတီ)

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် မေ ၁၈ ရက်တွင် ထပ်မံရရှိသော သတင်းများအရ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် မြေပုံမြို့နယ်များဒေသခံ ၆ ဦးနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDP) စခန်းများမှ ၉၁ ဦး၊ စုစုပေါင်း ၉၇ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် မေလ ၁၂ ရက်မှစတင်၍ ပြည်သူများကို ဒေသခံ အာဏာပိုင်များက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး
စစ်တွေမြို့အပါအဝင် IDP Camp ၁၇ ခုမှ လူဦးရေ ၁၂၅,၇၈၉ ဦး အနက် ဘေးလွတ်ရာသို့ ရွေ့ပြောင်းရန် လိုအပ်သည့် လူ ၆၃,၃၀၂ ဦးခန့်အား ဘေးလွတ်ရာအဆောက်အဦများနှင့် ဆိုင်ကလုန်း Shelter များသို့ ရွေ့ပြောင်းနိုင်ခဲ့ကြောင်း သိရသည်။

ယင်းမုန်တိုင်းကြောင့် လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိက အဆောက်အဦ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၄၀ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊
မွန်ပြည်နယ်၊ရှမ်းပြည်နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေများတွင် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားခဲ့ရသည်။

ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်တွင် ၄ မြို့နယ်ကို သဘာဝဘေးသင့်ဒေသများအဖြစ် သတ်မှတ်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ပရဟိတအဖွဲ့များ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

#ဆိုင်ကလုန်းမုန်တိုင်း #မိုခါ #ရခိုင်ပြည်နယ် #သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.