Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် သေဆုံးသူ ၄၈ ဦးထိ တိုးလာ

ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခံရသော နေရာများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက် တိုက်ခတ်မှုကြောင့် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ၌ သေဆုံးသူ အရေအတွက် ၄၈ ဦးအထိ တိုးလာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မေ ၁၈ ရက်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခံရသော နေရာများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခံရသော နေရာများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

အဆိုပါ မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာ ၁၀၆၈ ရွာမှ လူနေအိမ် ၄၄၉၂၈ လုံး၊ သာသနိက အဆောက်အဦ ၃၇၆ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၄၃၉ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၅၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခုနှင့် ဌာနဆိုင်ရာ အဆောက်အဦ ၁၅၈ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

မုန်တိုင်းဒဏ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အထိအခိုက်အပျက်စီးများစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းမုန်တိုင်းဒဏ်ကို ပိုမိုခံစားရသည့် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်တွင် ၄ မြို့နယ်ကို သဘာဝဘေးသင့်ဒေသအဖြစ် သတ်မှတ်ထားသည်။
ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ပရဟိတအဖွဲ့များ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ (Xinhua)