ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် လယ်ကြီးစစ်ဆေးရေးဂိတ်တွင် ငွေကျပ် ၁.၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ နှင့် တရားခံ(၃)ဦးဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC)က ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တိရစ္ဆာန်ထဲတွင် ပါဝင်သည့် ဝံကြောင်တစ်ကောင်သည် ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်သို့ရောက်ရှိလာရာ လွိုင်ကော်မီးသတ်တပ်ဖွဲ့က ကယ်ဆယ်၍ ဆေးကုသပေးထားကြောင်း နှင့် ဒဏ်ရာများသက်သာလျက်ရှိကြောင်း လွိုင်ကော်မြို့မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ ဦးညီထွေးဦးကဆင်ဟွာသို့ ဒီဇင်ဘာ ၁၇ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် အစိုးရဝန်ကြီးဌာနများမှ ဝန်ထမ်းများ ကားပါမစ် လျှောက်ထားသူ ၅၀ ကျော်ရှိပြီး လျှောက်ထားသူများ၏ အချက်လက်ပြည့်စုံပါက ပါမစ်ထုတ်ပေးရန် စစ်ဆေးမှု ၂ရက်ခန့်သာကြာမြင့်ကြောင်း စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင် က ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသ ဖွံံ့ဖြိုးရေးလုပ်ငန်းပေါင်း ၅၄၇ ခု ဆောင်ရွက်သွားရန်ရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုက ဆင်ဟွာသို့ ယနေ့ဒီဇင်ဘာ ၁၆ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လာနီညာဖြစ်စဉ်ကြောင့် ဒီဇင်ဘာလထဲ အအေးပိုခြင်း၊လေပွေလှိုင်း တိုက်ခတ်ခြင်းနှင့်အချိန်အခါမဟုတ် မိုးရွာခြင်းဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ယနေ့ ဒီဇင်ဘာ ၁၆ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ /အေးလပြည့် ၂၀၂၁ ခုနှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲ နှစ်ခုအတွက် မြန်မာ ယူ-၂၂ ဘောလုံးအသင်းအနေဖြင့် နှစ်ဆန်းပိုင်း၌ COVID-19 စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ စခန်းဝင်လေ့ကျင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၆...
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ /အေးလပြည့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အား အာဆီယံအမွေအနှစ် စာရင်းဝင်မှတိုးမြှင့်ကာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်လာစေရေး ကြိုးပန်းလုပ်ဆောင်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ မှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇောက ဆင်ဟွာသို့ ယနေ့...
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် နေပြည်တော်ကောင်စီနယ်မြေ အတွင်း တရားဥပဒေစိုးမိုးရေး၊ ဒုစရိုက်မှု ပပျောက်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်က ဒီဇင်ဘာ ၁၄ ရက်တွင် ပြုလုပ်သည့် CCTV ကင်မရာထိန်းချုပ် စင်တာ ဖွင့်ပွဲအခမ်းအနားတွင်...
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ၁၀၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ်များကို လုံခြုံရေး အရေအသွေးကောင်းမွန်စေရန် လာမည့် ၂၀၂၁ ခုနှစ်တွင် ထီလက်မှတ်များ အရောင်ပြောင်းလဲရိုက်နှိပ်ထားကြောင်း စီမံကိန်း၊ဘဏာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ / အိမွန်ကျော် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်းရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းပြိုကျမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ တာဝန်မှူး က ဆင်ဟွာသို့ ယနေ့ပြောသည်။