Connect with us

Education & Health

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၂၀ ရက်မှစတင် ထုတ်ယူနိုင်

ရန်ကုန်မြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးပြန်လည်ထွက်ခွါလာသည့် ကျောင်းသား၊ကျောင်းသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် မတ်လ ၈ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား(Identity Card) များကို ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီ ၂၀ရက် မှစတင်၍ ထုတ်ယူနိုင်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်း (ကျောင်းခွဲ) နှင့် တွဲဖက် အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား(Identity Card) များကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရသည်။
ပြင်ပမှဖြေဆိုမည့် သူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား(Identity Card) များကို ၎င်းတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများ ထံမှ ထုတ်ယူကြရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ယူရာတွင်အခက်အခဲရှိပါက သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစ် ဦးစီးဌာနထံတွင် တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။ (Xinhua)

#မြန်မာနိုင်ငံစာစစ်ဦးစီးဌာန #တက္ကသိုလ်ဝင်စာမေးပွဲ
#DepartmentOfMyanmarExaminations #UniversityEntrenceExam

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.