ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 ကာလဖြစ်သောကြောင့် Online မှ ကျင်းပပြုလုပ်လျက်ရှိသည့် ၄၃ ကြိမ်မြောက် နိုင်ငံတကာ အိမ်ထောင်ရှင်မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ် အေမီဇင်ဝင်း သည် ယခုနှစ် ဒီဇင်ဘာ ပထမပတ်မှစ၍ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း Mrs. Universe Myanmar...
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများ ပျံသန်းရန်နှင့် အဝင်အထွက် သာမန်ပုံစံဘက်ကို ဦးတည်ရန် စတင်စီစဉ်နေပြီဖြစ်ကြောင်း၊ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီစွာ အစောဆုံး ဖြစ်အောင်လုပ်မည်ဖြစ်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊...
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို တက်ညီလက်ညီ ဆက်လက် တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ချင်းပြည်နယ်၏အမှတ်အသားဖြစ်ပြီး နေရာဒေသအလိုက်ချင်းပြည်နယ်တွင် ကာကွယ်ထားသည့်အပင်မျိုး စိတ်ဖြစ်သောတောင်ဇလပ်ပန်း ခုတ်ယူခြင်းမရှိစေရေး နှင့် ခုတ်ယူပါက ဥပဒေအရ အရေးယူသွားမည်ဟု သယံဇာတနှင့်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန (ချင်းပြည်နယ်) မှညွှန်ကြားရေးမှူးဦးကျော်မင်းသိန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၀ရက်တွင်ပြောသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း COVID-19 ကာလအတွင်း တစ်နှစ်နီးပါးခန့် ပိတ်ထားခဲ့ရသော မြန်မာ- တရုတ် နှစ်နိုင်ငံ အဝင် အထွက်ဂိတ်များကို မကြာမီ ပြန်လည် ဖွင့်လှစ်နိုင်ရန် နှစ်ဘက် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန်...
ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးကို ၂၀၂၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ ၆ နှစ်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်မြင့်ဦးက ဆင်ဟွာသို့ ဒီဇင်ဘာ ၉ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၁ ခုနှစ်ဘောလုံးရာသီသစ်တွင် Myanmar National League ဘောလုံးပြိုင်ပွဲများကို အသက် ၂၁ နှစ်အောက် ပြိုင်ပွဲတစ်ခုသာကျင်းပမည်ဖြစ်ကြောင်း Myanmar National League အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ဆင်ဟွာသို့ ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ၂ဝ၂ဝ ပြည့်နှစ် ၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့၏ အမျိုးသားရေး ဦးတည်ချက် တို့ကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်း ကြောင်း နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့...
ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 ရောဂါ ဖြေလျှော့မှုများဖြင့် ပြည်တွင်းခရီးစဉ်များပြန်လည်စတင်ချိန်တွင် ခရီးသွားများအတွက် ယာဉ်၊ရထား၊လေယာဉ်များ အပါအဝင် စားသောက်ဆိုင်များ၊ ဟိုတယ်များ တွင် ကျန်းမာရေးဆိုင်ရာဘေးကင်းလုံခြုံမှုရှိပါက ခရီးစဉ်များအားဆောင်ရွက်ရန် ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်အေးဟန်က ဆင်ဟွာသို့ ဒီဇင်ဘာ ၈ ရက်တွင်ပြောကြားသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်မှ နောင်ချိုမြို့နယ်သို့ သယ်ဆောင်လာသည့် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။