Connect with us

Environment, Disasters & Accidents

YBS ယာဉ်လိုင်းများ ည ၁၀ နာရီအထိ တိုးချဲ့ပြေးဆွဲရန် ယာဉ်လိုင်းကုမ္ပဏီများအား အသိပေးအကြောင်းကြားထားပြီးဖြစ်

YBS ဘတ်စ်ကား စီးနင်းနေသည့် ခရီးသည်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်သားပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရန်အတွက် YBS ယာဉ်လိုင်းများကို ယခင် ည ၈နာရီ အထိပြေးဆွဲနေရာမှ ယခု ည ၁၀ နာရီအချိန်အထိ တိုးချဲ့ ပြေးဆွဲသွားရန်အတွက် YBS ယာဉ်လိုင်းကုမ္ပဏီများအား အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဆင်ဟွာသို့ ယနေ့ မတ် ၂၅ ရက်တွင်ပြောသည်။ဦးလျန်ကျင့်မန်က “ညမထွက်ရအမိန့်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ပြောင်းလဲပြင်ဆင်သတ်မှတ်ထားတဲ့အတွက် YBS ယာဉ်လိုင်းတွေကို အချိန်တိုးမြှင့်ပြေးဆွဲဖို့ ယာဉ်လိုင်းတွေကို ကျွန်တော်တို့ အကြောင်းကြားထားပါတယ်။ ယာဉ်လိုင်းတွေအနေနဲ့ အခုစပြေးဆွဲလည်း ရတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ ညဘက်မှာ လိုင်းကားတွေ မရှိတော့တဲ့အခါ ကြားကားတွေစီးရတော့ အဆင်မပြေတာတွေ ရှိတယ်။ ဒါကြောင့်အခုလို ပြေးဆွဲဖို့အတွက် ယာဉ်လိုင်းတွေကို အကြောင်းကြားရတာပါ’’ ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) စီမံမှုအောက်ရှိ YBS ကုမ္ပဏီများမှ ခရီးသည်တင်ယာဉ်များအား ယခင်က ည (၈) နာရီအထိသာ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။မတ် ၂၄ ရက်နေ့တွင် YBS ယာဉ်လိုင်း စုစုပေါင်း ၁၁၈ လိုင်းတွင် ယာဉ်စီးရေ ၃၀၀၅ စီးပြေးဆွဲခဲ့ပြီး စီးနင်းသူ ခရီးသည်ဦးရေ ၆၄၆,၂၉၁ ဦးရှိကြောင်း YRTC မှ သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117