Connect with us

Environment, Disasters & Accidents

အားကောင်းသောမုန်တိုင်းငယ်သည် ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိ၊ လူဦးရေ ၄,၆၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားဟု ဆို

န်တိုင်းအတွက် သတိပြုလိုက်နာရမည့် အချက်များအားတွေ့ရစဉ် (ဓာတ်ပုံ-- လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

အားကောင်းသောမုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ ၄,၆၀၀ ကျော်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရွှေက ယနေ့ မတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။“ဧရာဝတီတိုင်းဒေသကြီးဘက်မှာ မုန်တိုင်းဒဏ်ခံ အဆောက်အဦးတွေဆီရွှေ့ပြောင်းတာတွေ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေ မှာ ဆောင်ရွက်ခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်ကတော့ မုန်တိုင်းဖြတ်သန်းပြီးပါပြီ။ ပျက်စီးမှု မရှိပါဘူး။ လက်ရှိမှာ ဧရာဝတီတိုင်းဒေသကြီး ဝန်းကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့က ကွပ်ကဲရေးရုံးဖွဲ့ထားတယ်။ ပြီးတော့ ခရိုင်၊ မြို့နယ် တွေရဲ့နောက်ဆုံးအခြေအနေကို ကွပ်ကဲနေပါတယ်။ မုန်တိုင်း မဝင်ရောက်ခင်ကတည်း က ရွှေ့ပြောင်းခဲ့တာပါ။’’ ဟု ဦးဝင်းရွှေကဆိုသည်။

အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိနေပြီး အညိုရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း၊ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတစ်လျှောက် ပုသိမ်မြို့အနီးမှ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းအနီးသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည်ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်နေစဉ် ဧရာဝတီတိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တွင် ထိခိုက်လွယ်အုပ်စုဖြစ်သော သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်များကို ကုန်းမြင့်ရာသို့ရွှေ့ခဲ့ပြီး ယင်းကျွန်းအား မတ် ၂၂ ရက် ည ၉ နာရီ မှ မတ် ၂၃ ရက် နံနက် ၁ နာရီ အထိ မုန်တိုင်းဖြတ်သန်းခဲ့ပြီး တစုံတရာ ထိခိုက်မှုမရှိကြောင်း ၎င်းကဆက်ပြောသည်။

“ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးက လူဦးရေ ၄,၆၀၀ ကျော်ကို ဘေးလွတ်ရာကို COVID-19 စည်းမျဉ်းစည်းကမ်းနဲ့ အညီ ကြိုပြီး ရွှေ့ပြောင်းပေးထားပြီး အချိန်နဲ့ တပြေးပြီဆောင်ရွက်ပေးနေပါတယ်။’’ ဟု ၎င်းကဆက်ပြောသည်။

အားကောင်းသောမုန်တိုင်းငယ်ကြောင့်မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ မုန်တိုင်းနှင့် ပတ်သက်၍ အကူအညီလိုအပ်ပါက လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄)နာရီဖွင့်လှစ်ထား ရှိသော

Hot-line ဖုန်းများဖြစ်သည့်
၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ များသို့လည်း
အချိန်မရွေး ဆက်သွယ်သတင်းရယူ၊ အကူအညီ တောင်းခံနိုင်ပါကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117