Connect with us

News

အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ တို့တွေ့ဆုံဆွေးနွေး

(အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ တို့တွေ့ဆုံဆွေးနွေးစဉ်(ပြန်ကြားရေး)

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန(၁)၊ပြည်ထောင်စုဝန်ကြီး၊အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် ၅ ဖွဲ့မှကိုယ်စားလှယ်များသည် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ မတ် ၂၈ ရက်နံနက်ပိုင်းက အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

(အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ တို့တွေ့ဆုံဆွေးနွေးစဉ်(ပြန်ကြားရေး)

အဆိုပါ တွေ့ဆုံပွဲ၌ နိုင်ငံတော်အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဖိတ်ခေါ်မှု၊ ပဋိပက္ခများလျှော့ချနိုင်ရေး၊ယုံကြည်မှု တည် ဆောက်ရေး၊နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေး၊နယ်မြေတည်ငြိမ်အေးချမ်းရေး၊ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်လက်ရှိငြိမ်းချမ်းရေးအခြေ အနေများအား ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှကိုယ်စားလှယ်များက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် တစ်ဖွဲ့ချင်းစီ၏ သဘောထားများကို အလွတ်သဘော ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်တစ်ဖွဲ့ချင်းစီသီးခြားတွေ့ ဆုံ၍ လက်ရှိငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေး ဆောင်ရွက်နိုင်မှုများ၊ဆက်လက်လုပ်ဆောင်မည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စများ၊ကျန်း မာရေးနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်း အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ တွဲဖက်အထွေထွေ အတွင်းရေးမှူးခိုင်အောင်စိုးသန်းနှင့်ဗဟိုကော်မတီဝင်ခိုင်အောင်ဟိန်း၊ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)မှ ဒုတိယစစ်ဦးစီးချုပ်စောတာ့ခူးနှင့်ဗဟိုဆက်ဆံရေးဌာနမှူးစောကျော်သန်းဌေး ၊ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်း ချမ်းရေးကောင်စီ(KNU/ KNLA-PC)မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးနှင့်ဗဟိုကော်မတီဝင် စောအောင်ကောင်းရွှေ၊ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခွန်မင်းသိန်းနှင့် ဗဟိုကော်မတီဝင် ခွန်ဇွဲထိုရ်၊သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)မှ အတွင်းရေးမှူး-၁ စဝ်စိုင်းငင်းနှင့်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စဝ်ဆောင်းဟန်တို့ တက်ရောက်ခဲ့ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.