ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အထိ မြန်မာတစ်နိုင်ငံလုံးတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်သည့်အိမ်ခြေပေါင်း ၄၀၃,၇၆၇ ရှိကြောင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် မိုင်းနောင်-မိုင်းနင်းသွားကားလမ်း၌ရပ်တန့်ထားသည့် DONG FENG အမျိုးအစား ဆီဘောက်ဆာယာဉ်အတွင်းမှ ငွေကျပ်သိန်းပေါင်း ၃၆၀,၀၀၀ တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ (အောက်တိုဘာ ၁၅ ရက်) တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၏ အချက်အချာကျသည့် မင်္ဂလာဒုံဘူတာ၊ ပုရွက်ဆိတ်ကုန်းဘူတာ၊ တညင်းကုန်းဘူတာ၊ အင်းစိန်ဘူတာနှင့် ကြည့်မြင် တိုင်ဘူတာတို့တွင် အချက်ပြနှင့် လမ်းလွှဲထိန်းချုပ်ရေး မျှော်စင်ငါးခု တည်ဆောက်မှုပြီးစီးပြီဖြစ်ကြောင်း မြန်မာ့မီးရထား အမှတ်(၇)တိုင်း(ရန်ကုန်) မှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု စိတ်ဓာတ်စစ်စစ်ဖြင့် တိုင်းပြည်ကောင်းအောင် စေတနာထားလုပ်ဆောင်မည့်၊ ဥပဒေကိုစိတ်ဝင်စားအလေးထားသည့် ကိုယ်စားလှယ်ကောင်းများရရှိရေးကို ဂရုတစိုက်စိစစ်ရွေးချယ်သွားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၅)နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ပေးပို့သည့်သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၂၀ အလွန် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အစီအစဉ်သစ် အောင်မြင်ရေးတို့အတွက် မမှိတ်မသုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၅)နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ပေးပို့သည့်သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) အပူပိုင်းမုန်တိုင်း “နန်က” (Nangka) ၏ အကြွင်းအကျန်တိမ်တိုက်များ အနောက်ဘက်သို့ ရွေ့လျားလာမှုကြောင့် အောက်တိုဘာ ၁၅ ရက်မှ အောက်တိုဘာ ၁၉ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ထူးခြားမိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာသို့ အောက်တိုဘာ ၁၄ရက်တွင်ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီးကိုယ်စားပြုအသင်းဖြစ်သည့် မကွေးအက်ဖ်စီဘောလုံးအသင်းအနေဖြင့် ဆက်လက်ရပ်တည်ရန် အခက်အခဲကြုံသောကြောင့် အသင်းကိုဖျက်သိမ်းလိုက်ကြောင်း၊ အသင်းကစားသမားများအား အောက်တိုဘာ ၁၄ ရက်တွင် လျာ်ကြေးပေးပြီးဖြစ်ကြောင်း အသင်းအုပ်ချုပ်သူဦးကြည်လွင်က ဆင်ဟွာသို့ အောက်တိုဘာ ၁၄ ရက်တွင်ပြောကြား သည်။
နေပြည်တော်၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြလျက်ရှိသည့် Project-K အဖွဲ့နှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သဘောထားမှတ်ချက် တစ်စုံတစ်ရာ ပြောကြားသည် ဆိုခြင်းမှာ လုံးဝ မဟုတ်မှန်ကြောင်းနှင့် ပြောကြားချက် တစ်စုံတစ်ရာ မရှိကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက...
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ် ၃၅လမ်း ၈၇ × ၈၈ လမ်းရှိ အလှပြင်ဆိုင်တစ်ဆိုင်သည် ယနေ့ (အောက်တိုဘာ ၁၄ရက်) ၀၀း၀၂ အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်အတွင်းရှိ လူ ၅ ဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ...
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံးရှိ တိရစ္ဆာန်ဥယျာဉ်များ၌ မွေးမြူ ထိန်းသိမ်း ပြသထား သည့် တောရိုင်းတိရစ္ဆာန်များထဲမှ အချို့ကို ခေတ္တယာယီမွေးစားခြင်းအစီအစဉ်(Animal Adoption Program) ဖြင့် မွေးစားခွင့်ပြုထားပြီး ဆက်လက်၍ အခြားတိရစ္ဆာန်များကိုပါ မွေးစားခွင့်ပြုရန် ဆာင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး...