Connect with us

Agriculture

သဘာဝစိုက်ပျိုးသီးနှံများအတွက် စိုက်ပျိုးရေးစစ်ဆေးခြင်းဆိုင်ရာ လမ်းညွှန်ချက် စတုတ္ထမူကြမ်းအတည်ပြုနိုင်ရေးကြိုးပမ်းနေ

လယ်ယာလုပ်ငန်းခွင်က တောင်သူဦးကြီးများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာ့စိုက်ပျိုးသီးနှံများတွင် ဓာတုဆေး အသုံးပြုခြင်းမရှိဘဲ သဘာဝစိုက်ပျိုးသီးနှံများအတွက် စိုက်ပျိုးရေးစစ်ဆေးခြင်းဆိုင်ရာ လမ်း ညွှန်ချက် စတုတ္ထမူကြမ်းကို အတည်ပြုနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံဖွံ့ဖြိုးရေးဗဟိုဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝဏ္ဏထွန်းက ဆင်ဟွာသို့ ဇန်နဝါရီ ၂၁ ရက်တွင်ပြောသည်။

“Myanmar Guideline for Organic Certification အတွက် ပညာရှင်တွေဆီကနေ သဘောထားတွေ တောင်းခံထားပါတယ်။ အဲဒါပြီးရင် စိုက်ပျိုးရေးစစ်ဆေးခြင်းဆိုင်ရာ စတုတ္တမူကြမ်းကို အတည်ပြုမှာပါ။ အဲဒါပြီးရင် မြန်မာနိုင်ငံရဲ့ Organic ထောက်ခံချက်ပေးရေး လမ်းညွှန်ချက်များအဖြစ်အတည်ပြု သတ်မှတ်မှာဖြစ်ပါတယ်’’ ဟု ၎င်းက ဆိုသည်။
ထိုသို့ နိုင်ငံတော်အဆင့်သတ်မှတ်ပြီးပါက Organic ထောက်ခံချက်ပေးရေးအဖွဲ့အား စိုက်ပျိုးရေးဦးစီးဌာနမှ ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း၊ ထိုသို့ဖွဲ့စည်းပြီးပါက Organic စိုက်ပျိုးထားကြောင်း ထောက်ခံချက် လက်မှတ်လိုချင်သူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

“ဒီလိုထောက်ခံချက်လက်မှတ်တွေ ပါရင် စားသုံးသူဆီက ယုံကြည်ချက်တွေပိုရတယ်။ နောက်ပြီးပြည်တွင်း၊ ပြည်ပဈေးကွက်ကို ခိုင်ခိုင်မာမာ ရမှာဖြစ်ပါတယ်။ ယုံကြည်ချက်နဲ့ ဈေးကွက်အာမခံချကတွေ ပိုမိုရရှိဖို့အတွက် ကျွန်တော်တို့အနေနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါက Value added ပါပဲ။ ဈေးကွက်ကို ပိုမိုချဲ့ထွင်နိုင်မယ်လို့ထင်ပါတယ်။’’ ဟု ၎င်းကဆက်ပြောသည်။

သဘာဝအတိုင်းစိုက်ပျိုးထုတ်လုပ်သည့် သီးနှံများသည် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေးကို ဦးစားပေးသကဲ့သို့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ငန်းဖြစ်ရန်လည်း အထောက်အကူဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117