Connect with us

Culture & Entertainment

၂၀၂၁ ခုနှစ် မတ်လတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် Miss Grand International 2020ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဟန်လေး ဝင်ရောက်ယှဉ်ပြိုင်မည်

Miss Grand Myanmar 2020 ဟန်လေးအားတွေ့ရစဉ် (ဓာတ်ပုံ--Miss Grand Myanmar)

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၁ ခုနှစ် မတ်လတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် Miss Grand International 2020ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် ဟန်လေးက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း Miss Grand International ပြိုင်ပွဲ၏ National Director ဒေါ်စိုးယုဝေက ဆင်ဟွာသို့ ဇန်နဝါရီ ၁၉ ရက်တွင်ပြောသည်။

“Miss Grand International ပြိုင်ပွဲကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ မှာဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပဖို့ ကြေညာခဲ့ပါတယ်။ COVID-19 ရောဂါအခြေအနေကြောင့် ကျင်းပခြင်းမပြုလုပ်နိုင်ခဲ့ပဲ ရက်ရွှေ့ခဲ့တာပါ။ ဗင်နီဇွဲလားမှာ ပွဲမလုပ်နိုင်တော့ ပဲ ထိုင်းနိုင်ငံမှာပဲကျင်းပဖြစ်မှာပါ။ COVID-19 ရောဂါအခြေအနေ ပေါ်မူတည်ပြီးတော့ ကျင်းပရတာဖြစ်လို့ ဒီပရိသတ် ပါဝင်ခွင့်ရှိမရှိ က မသိရသေးပါဘူး’’ ဟု ဒေါ်စိုးယုဝေက ပြောသည်။

ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၇၀ ကျော်မှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ရမည့် နိုင်ငံကိုယ်စားပြုအလှမယ်များအနေဖြင့် ထိုင်းနိုင်ငံသို့ရောက်ရှိပါက မတ် ၇ ရက်မှ ၁၄ ရက်အထိ Quarantine ဝင်ရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအား ၂၀၂၁ ခုနှစ် မတ် ၁၅ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မတ် ၂၇ ရက်တွင် ဖိုင်နယ်ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာလည်း COVID-19 ကာလဖြစ်တဲ့အတွက် ပွဲအားလုံးက အွန်လိုင်း Show တွေပဲ လုပ်ခဲ့ရတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ၄၁ မြို့က အလှမယ် ၄၁ ယောက်ဝင်ပြိုင်ခဲ့ပါတယ်။ အဲဒီထဲကမှ နိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် ဟန်လေးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

ယင်းပြိုင်ပွဲအား ၂၀၁၃ ခုနှစ်တွင် အလှမယ်ထားထက်ထက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Popular Vote နှင့် Top Best 10 National Cotsume ဆုရရှိခဲ့ကြောင်း၂၀၁၄ ခုနှစ်တွင် အလှမယ် အမ်ဂျာဆန်း၊ ၂၀၁၅ ခုနှစ်တွင် အလှမယ် စံထိပ်ထားလင်း၊ ၂၀၁၆ ခုနှစ်တွင် အလှမယ် စန္ဒာလွင်၊ ၂၀၁၇ ခုနှစ်တွင် အလှမယ် အေးချမ်းမိုး၊ ၂၀၁၈ ခုနှစ်တွင် အလှမယ် စုမြတ်ဖူး၊ ၂၀၁၉ခုနှစ်တွင် အလှမယ် မွှေးသက်တို့မှ နိုင်ငံကိုယ်စားပြုအလှမယ်များအဖြစ် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.