ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်နေသည့် ၂၀၂၀ AFC ဖလား ပြိုင်ပွဲ လက်ကျန်ပွဲစဉ်များ ကျင်းပမည့်အစီအစဉ်အတွက် ပြန်လည် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ အမှတ်၅အေ၊ ဦးလွန်းလမ်းနှင့် အရိုးကုန်းလမ်းထောင့်ရှိ တိုက်သည် ယနေ့ (မေ ၂၁ ရက်) နံနက် ၂နာရီ ၂၀မိနစ်အချိန်တွင် ပြိုကျမှုဖြစ်ပွားရာ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာမွေမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်ကဏ္ဍမှ နိုင်ငံအတွက် အမြတ်ငွေကျပ်သန်းပေါင်း ၁,၂၄၀,ဝဝဝ ခန့် ရရှိအောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က မေ ၂၀ ရက်တွင် ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံများတွင် မေ ၁၈ ရက် မှစတင်၍ အသက်၁နှစ်ခွဲအောက်ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများပြန်လည်ထိုးနှံပေးနေပြီဖြစ်ကြောင်း၊ ဒေသန္တရ/မိခင်ကလေး/ကျေးလက်ကျန်းမာရေးဌာနများနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ/ ရပ်ကွက်/ကျေးရွာ/လူအုပ်စုအသီးသီးတွင် ဇွန်လ (၁) ရက်မှစ၍ လစဉ်ပုံမှန်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း...
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) ၏ အရှိန်ကြောင့် မေ၁၉ ရက်မှ ၂၁ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တစ်နာရီလျှင် (၂၅)မိုင်မှ မိုင်(၃၀)အထိ လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးလေဝသ နှင့်...
နေပြည်တော်၊ မေ ၁၉ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား လုံလောက်စေရေး အတွက် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက တင်ဒါခေါ်ယူ ဆောင်ရွက်ထားသော သဘာ၀ ဓာတ်ငွေ့ရည် (LNG:_ Liquefied Natural Gas) ဓာတ်အားပေး စက်ရုံများအနက် ဓာတ်အား မဂ္ဂါဝပ် ၃၅၀...
နေပြည်တော်၊ မေ ၁၈ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တီမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ဆက်သွယ်ထားသော ၁၁၄ ဒသမ ၂၆ ကီလိုမီတာ ရှည်လျားသည့် လမ်းပိုင်းအား COVID -19 အလွန်ကာလတွင် ပြန်လည် ပြင်ဆင်ပေးသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာကျော်လင်းက ယနေ့...
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN)၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသေးသော်လည်း ယင်း၏ အရှိန်ကြောင့် မေ၂၀ မှ ၂၁ ရက်အတွင်း ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းတွင် မိုးနှင့်အတူ တစ်နာရီ ၃၅ မိုင်မှ ၄၀...
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မူဆယ်မြို့နှင့် တာချီလိတ်၊ ရခိုင်ပြည်နယ် မောင်တောမြို့တို့တွင် မေ ၁၆ ရက်နှင့် မေ ၁၇ ရက်နှစ်ရက်အတွင်း ကျပ်သိန်းပေါင်း ၁၇,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း...
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) လက်ရှိ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(AMPHAN) ၏ အရှိန်ကြောင့် မိုးကြီး၊ ရေကြီးမြေပြိုမှုများအပါအဝင် သဘာဝဘေးအန္တရာယ် နှင့်ကြုံတွေ့လာပါက သဘာဝဘေးရှောင် အဆောက်အဦများသို့ ရှောင်တိမ်းနေထိုင်ရသည့် အခါတွင် COVID-19 ရောဂါကာကွယ်ရေးအတွက်ပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ထားကြောင်း လူမှုဝန်ထမ်း ၊...