Connect with us

Social

COVID-19 ကာလ မူကြိုကျောင်းများပြန်မဖွင့်နိုင်သေးခင် မိဘများနှင့်အတူဆော့ကစားနိုင်သည့် ကစားနည်းဗွီဒီယိုများ လူမှုဝန်ထမ်းဦးစီးဌာနက တင်ပေးလျက်ရှိ

လူမှုဝန်ထမ်းဦးစီးဌာန မှ ဖွင့်လှစ်ထားသည့်မူကြိုကျောင်းတစ်ခုတွင် ကလေးငယ်များ ဆော့ကစားရင်း သင်ယူမှု ပြုလုပ်နေကြစဉ် (ဓာတ်ပုံ--လူမှုဝန်ထမ်းဦးစီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ကာလတွင် မူကြိုကျောင်းများမဖွင့်နိုင်ခင်စပ်ကြားကာလအတွင်း ကလေးများ သူ့ကာလအလိုက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိဘများနှင့်အတူ ဆော့ကစားနိုင်သည့် ကစားနည်းဗွီဒီယိုများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ ဝက်ဆိုက်တွင် တင်ပေးလျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောသည်။

“ဖေဖေမေမေ တို့ အတွက် အစီအစဉ်လေးတွေ ထပ်လုပ်ပေးမလား စဉ်းစားနေပါတယ် ၊ ဖေဖေမေမေ တို့က ဘယ်လိုကစားပေးမလဲဆိုတာ စီစဉ်နေတာရှိပါတယ်။ ကလေးသူငယ်တွေအတွက် ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းတွေရှိတယ်။ ကလေးသူငယ်တွေ သူ့အသက်အရွယ်အလိုက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သားသားမီးမီးတွေ ကို အချိန်ပေးပေးပါလို့ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ မူကြိုကျောင်းများပိတ်ထားရသည့်အတွက် ကျောင်းမတက်ရသည့်အချိန်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန အောက်ရှိမူကြိုကျောင်းများ၌ သင်ကြားပေးသည့် ကလေးငယ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆိုင်သောကစားနည်းများ၊ လက်ချောင်းသန်မာရေးအတွက် ပန်းချီဆွဲနည်းများ၊ တန်ဆောင်တိုင်ကာလ မီးပုံးလုပ်နည်းများ စသည့် ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကစားနည်းများကို ဗီဒီယိုဖိုင်များဖြင့် တင်ပေးလျက်ရှိကြောင်း သိရသည်။

ကလေးငယ်များလိမ္မာရေးခြားရှိရန်၊ အတွေးအခေါ်ကောင်းမွန်ရန်အတွက် ပုံပြင်များလည်းတင်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိဘနှင့် ကလေးအတူရှိနေချိန် ကလေးငယ်များဖုန်းအသုံးပြုမှုလျှော့ချနိုင်စေရေး အတွက် ထိုသို့ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ COVID-19 အလွန်ကာလတွင်လည်း ကလေးငယ်များ ကိုယ်လက်ကြံ့ခိုင်ရေး၊ ဉာဏ်ရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆိုင်သော ကစားနည်း ဗွီဒီယိုများအား ဖေဖေ၊ မေမေနှင့် အတူကစားနိုင်ရန် ဆက်လက်တင်ပေးသွားဖြစ်ကြောင်းသိရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် လူမှုဝန်ထမ်းဦးစားဌာနမှဖွင့်လှစ်ထားသည့် မူကြိုကျောင်းပေါင်း ၁၄၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117