Connect with us

Politics, Law & Military

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် တစ်ရက်အတွင်း တန်ဖိုး ငွေကျပ် ၁.၈ ဘီလီယံကျော် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော တရားခံများနှင့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (CCDAC Myanmar)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် တစ်ရက်အတွင်း ၁.၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)၏ ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၁၆ ရက် နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်ချို-မန္တလေးသွား ကားလမ်း၊ ရွှေညောင်ပင်ကျေးရွာအဝင်တွင် သတင်းရရှိထားသည့် သီပေါမြို့နယ်မှ မန္တလေးမြို့သို့ မောင်းနှင်လာသော LIFAN အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေခဲ့ကြောင်း၊ အဆိုပါယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ထားပြီး ၎င်းအတွင်း၌ ဘိန်းဖြူ ၁၄ ဒသမ ၃ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ပြားတို့ကို ထည့်သွင်းသယ်ဆောင်လာသဖြင့် စစ်ဆေးသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ယင်း ယာဉ်ပေါ်ပါ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိကြောင်းနှင့် ၎င်းမူးယစ်ဆေးဝါးများသည် မန္တလေးသို့ သယ်ဆောင် ရောင်း/ဝယ်မည်ဖြစ်ကြောင်း သိရသည်။အလားတူ သတင်းအရ နိုဝင်ဘာလ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ တာကော် တံတားပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ကာလိ-မိုင်းပျဉ်း-တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် TOYOTA Hi-Ace အမျိုးအစား မော်တော်ယာဉ်ကို စိစစ်ရှာဖွေရာ ယာဉ်ခေါင်မိုးပေါ်ရှိ ပစ္စည်းတင်အကန့်အတွင်း စက္ကူဂျပ်ဖာ ၃ဖာနှင့် ယာဉ်အတွင်း ထိုင်ခုံပေါ်ရှိ လက်ဆွဲအိတ်အတွင်းတို့မှ အိုက်စ် ၈၀ ကီလို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ယင်းယာဉ်ပေါ်လိုက်ပါလာသူအား စစ်ဆေးချက်အရ သိမ်းဆည်းရမိသော အိုက်စ်များပိုင်ရှင်သည် မိုင်းရှူးမြို့၊ အမှတ်(၄)ရပ်ကွက်နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရှိရ၍ ၎င်းပိုင်ရှင်အား ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားခံ၂ဦးကိုလည်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ၎င်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးများကို မိုင်းရှူးမြို့မှ တာချီလိတ်မြို့သို့ သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.