နေပြည်တော်၊ ဖေဖော်ဝါရီ ၆ရက် (ဆင်ဟွာ) လစ်လပ်နေသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နေရာတွင် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီလ ၅ ရက်နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ စာပေးပို့ခဲ့ရာ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် လွှတ်တော်၏...
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ချို့ ရှိ ဆေးရုံများတွင် 2019-nCoV acute respiratory disease ၏ စောင့်ကြည့်လူနာ ၄ ဦး၏ ဓာတ်ခွဲနမူနာများရယူခဲ့ပြီး နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ...
နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လက်နက်များနှင့် ပတ်သက်ပြီး တစ်ပြေးညီ အာဏာသက်ရောက်မှုရှိစေရန်အတွက် လက်နက်ဥပဒေအသစ် ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရေးဆွဲလျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြောခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တစ်ချို့နေရာများတွင် လုပ်ငန်းများပြီးစီးပြီဖြစ်၍ ဆောင်ရွက်ရန်ကျန်ရှိသော နေရာများတွင် ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ဖေဖော်ဝါရီ လ ၈ ရက် မှ စကာ ရန်ကုန်မြို့ပတ်ရထားများ၏ အချိန်ဇယားကို ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့အတွက် ဒုဝန်ကြီးများ ခန့်အပ်လိုက်ကြောင်း ယနေ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်များ ရှိ မြို့နယ် ၆ ခုတွင် အနိမ့်ဆုံးအပူချိန်စံချိန်သစ်များ တင်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၄ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ တရားမဝင် ဘိန်း စိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၁၄ ခုနှစ်မှ စတင်ကာ ကျဆင်းလာခဲ့ရာ ၂၀၁၉ ခုနှစ်၌ ၂၀၁၈ခုနှစ် ထက် ၁၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်ဟု မြန်မာနိုင်ငံ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲ စေတတ်သော ဆေးဝါးများ...
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းသည် ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံး ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ဖေဖော်ဝါရီ ၆ရက် မြန်မာစံတော်ချိန် ညနေ ၄နာရီ ၃၀မိနစ်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဇန်နဝါရီ (၃၁) ရက် က China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ ဖြင့် လိုက်ပါလာသည့် 2019 Novel Coronavirus စောင့်ကြည့်လူနာဖြစ်သော တရုတ်နိုင်ငံသား ၁ ဦး နှင့် အဆိုပါလေယာဉ်ပေါ်တွင်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) အထက်မြန်မာပြည်အတွက် ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်မည့် ၁၀၀ အမ်ဗွီအေ တီအီးဖြင့် လည်ပတ်သော ၂၃၀ ကေဗွီ ဗန်းမော်-နဘား မဟာဓာတ်အားလိုင်း မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။