Connect with us

Social

၂၀၂၀ပြည့်နှစ်တွင် မျိုးကြက်ဥထုတ်လုပ်မှု  ၁၀၅ ဒသမ ၄ သန်း ခန့်ရှိ 

ခင်းကျင်းထားသော ကြက်ဥပြုတ်များ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ်အတွင်း COVID-19 ရောဂါ ဖြစ်ပွားပြီး စီးပွားရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းခြင်းကြောင့် မျိုးကြက်ဥ ထုတ်လုပ်မှုသည် ကျဆင်းခဲ့ရာ ၁၀၅ ဒသမ ၄ သန်းခန့်သာ ထုတ်လုပ်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ထွေး က ဆင်ဟွာသို့ စက်တင်ဘာ ၂၄ ရက် တွင် ပြောကြားသည်။ 

“၂၀၁၉ ခုနှစ်မှာ မျိုးကြက်ဥထုတ်ထုပ်မှု က  ၁၈၂ ဒသမ ၁သန်း ရှိခဲ့တယ်။ ဒီနှစ်ကြတော့ COVID-19 ရောဂါဖြစ်တော့ စားသောက်ဆိုင်ပိတ်တာတို့၊ အသွားအလာကန့်သာတာတွေ ရှိခဲ့တဲ့ အတွက် တစ်ချို့ လုပ်ငန်းတွေ က ဝယ်လိုအားနည်းသွားလို့ ထုတ်တာ နည်းသွားခဲ့ပေမယ့် ကြက်နဲ့ ကြက်ဥ ပြည်တွင်းစားသုံးမှု အတွက်  ပိုပိုလျှံလျှံ ရှိပါတယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

မျိုးခြံလုပ်ငန်း လုပ်ကိုင်လျက် ရှိသော ကုမ္ပဏီများအနေဖြင့် ပြည်တွင်း ထုတ်လုပ်မှုသာမက ပြည်ပမှ ဘိုးဘွားမျိုးရင်း၊ မိဘမျိုးရင်း ကြက်ဥများကိုလည်း တင်သွင်းလျက်ရှိကြောင်း၊  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ စာရင်းဇယားများအရ အမေရိကန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘယ်လ်ဂျီယမ်နှင့် ပြင်သစ်နိုင်ငံတို့မှ ၂၀၁၉ ခုနှစ်အတွင်း မျိုးကြက်ဥစုစုပေါင်း ၇ဒသမ၁သန်းနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း မျိုးကြက်ဥ ၁၁ ဒသမ ၃ သန်းခန့် တင်သွင်းခဲ့ကြောင်း သိရသည်။ 

နိုင်ငံခြားသားပိုင်ကုမ္ပဏီများ၏ ဥဖောက်စက်များမှ ကြက်ပေါက်ထုတ်လုပ်မှုသည် စုစုပေါင်းအနက် ၂၀၁၈ ခုနှစ်တွင် (၈၁) ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် (၅၃) ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် (၇၆) ရာခိုင်နှုန်းခန့် အထိ ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ 

ဥ‌‌ေဖာက်စက်လုပ်ငန်းလုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများအနေဖြင့် ပြည်တွင်း ထုတ်လုပ်မှုသာ မက ပြည်ပမှ ဘိုးဘွားမျိုးရင်း၊ မိဘမျိုးရင်း ကြက်ပေါက်များကိုလည်း တင်သွင်းလျက် ရှိကြောင်း၊  အမေရိကန်မှ ဘိုးဘွားမျိုးရင်း ကြက်ပေါက်များနှင့် ဩစတြေးလျ၊ မလေးရှား၊ ထိုင်းတို့မှ မိဘမျိုးရင်း နှင့် စီးပွားဖြစ် မွေးမြူရန်အတွက် ၂၀၁၉ ခုနှစ်အတွင်းတွင် ကြက်ပေါက် စုစုပေါင်း ဝ ဒသမ ၂ သန်းနှင့် ၂၀၂၀ ပြည့်နှစ် အတွင်း ဝ ဒသမ ၀၂ သန်းခန့် တင်သွင်းခဲ့ကြောင်း သိရသည်။ 

“စစ်တမ်းအရဆိုရင် ၂၀၁၈ ခုနှစ်မှာ  လူတစ်ဦးကို  ပျမ်းမျှ ကြက်သားစားသုံးမှုမှာ ၃ဒသမ၇ ကီလိုဂရမ်နှင့် ၂၀၁၉ ခုနှစ်မှာ  ၄ ဒသမ ၂ ကီလိုဂရမ် ရှိပြီး စစ်တမ်းမှ ရရှိလာသော စာရင်းများမှ ၂၀၁၈ ခုနှစ်တွင် လူတစ်ဦးလျှင် ပျမ်းမျှ ကြက်သား (၅) ကီလိုဂရမ်နှင့် ၂၀၁၉ ခုနှစ် တွင်   ၆ ဒသမ ၉ကီလိုဂရမ် စားသုံးမှုရှိကြောင်း ကျွန်တော်တို့ တွေ့ရှိရပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

လက်ရှိတွင် မွေးမြူရေး လုပ်ငန်းများ အနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီ ၏ ညွှန်ကြားချက် နှင့် အညီဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးမှုအတွက် ကြက်သား နှင့် ကြက်ဥ ပိုလျှံစွာရှိကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117