Connect with us

Environment, Disasters & Accidents

၂၀၂၀ပြည့်နှစ် မိုးနှောင်းကာလတွင် မုတ်သုံဆုတ်ခွာမှု ပုံမှန်မိုးရာသီထက် တစ်ပတ်နောက်ကျနိုင်

မိုးရွာပြီးနောက်စက်ဘီးစီးနေသူအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့် မိုးနှောင်းကာလ တွင် တစ်နိုင်ငံလုံးမှ မုတ်သုံ ဆုတ်ခွာရန်  ပုံမှန်မိုးရာသီထက် တစ်ပတ်နောက်ကျနိုင်ကြောင်း ၊ အောက်တိုဘာ ဒုတိယပတ်မှသာတစ်နိုင်ငံလုံးမှ ဆုတ်ခွာနိုင်ကြောင်း၊ မုတ်သုံနောက်ဆုတ်ပြီး မိုးနည်းသောကြောင့် မိုးတိမ်တောင်များပိုမိုဖြစ်ပေါ်နိုင်သဖြင့် အထူးဂရုပြုရန်လိုအပ်ကြောင်း   မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ စက်တင်ဘာ ၂၆ ရက်တွင်ပြောသည်။

“နှစ်တိုင်းမုတ်သုံက အောက်တိုဘာ ပထမပတ်မှာ ထွက်တယ်။ ဒီနှစ် မုတ်သုံ အထွက် နောက်ကျရတာက အပူပိုင်းမုန်တိုင်း နိုလ် (NOUL) ကြောင့်ပါ။ သူ့ကြောင့် မုတ်သုံက ဆုတ်နေရာကနေ ပြန်အားကောင်းလာတယ်။ ဒါကြောင့် ဒီနှစ်က မုတ်သုံ တစ်ပတ်လောက် အထွက်နောက်ကျတာဖြစ်ပါတယ်’’ ဟုပြောသည်။

အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံ မြောက်ပိုင်းမှ ဆုတ်ခွာခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ မြောက်ပိုင်းမှ ဆုတ်ခွာပြီးပါက မြန်မာနိုင်ငံ  အလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်နှင့် မြန်မာနိုင်ငံ တောင်ပိုင်း မှနောက်ဆုံးဆုတ်ခွာ မည်ဖြစ်ကြောင်းသိရသည်။

“မုတ်သုံက လက်ရှိမှာ မြန်မာနိုင်ငံ မြောက်ပိုင်းတစ်ခုပဲ ဆုတ်သေးတယ်။ ကျန်တဲ့နေရာတွေက မဆုတ်သေးဘူး။ အခု ဒီနှစ်က မုတ်သုံ အထွက်နောက်ကျပေမယ့် မိုးကကျတော့ နည်းနေတယ်။ ဒါကြောင့် မိုးတိမ်တောင်ဖြစ်ပေါ်မှုပိုများနိုင်တယ်။ အဲ့ဒါကို အထူးဂရုစိုက်သင့်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

မိုးတိမ်တောင် ဖြစ်ပေါ်မှုကြောင့် လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ စက်တင်ဘာ ၂၆ ရက်မှ ၂၈ ရက်အတွင်း  မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးထစ်ချုန်းမည့်အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်းမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117