Connect with us

Sport

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ၂၀၂၁ ခုနှစ်တွင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲ ၃ ခုအတွက် ပြည်တွင်းပြည်ပခြေစမ်းပွဲများကစားရန်စီစဉ် 

မြန်မာ့လက်ရွေးစင်အမျိုးသမီးယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) 

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၁ ခုနှစ်တွင် ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲ ၃ ခုအတွက် ပြည်တွင်းပြည်ပခြေစမ်းပွဲများ ကစားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ဆင်ဟွာသို့ စက်တင်ဘာ ၂၅ ရက် တွင်ပြောသည်။

“ဒီနှစ်ထဲမှာ COVID-19 ရောဂါ ကြောင့် အမျိုးသမီးလက်ရွေးစင်အသင်းက ပြိုင်ပွဲတွေ မရှိတော့ဘူး။ လက်ရှိလည်း လေ့ကျင့်မှုတွေ မလုပ်နိုင်သေးဘူး။ COVID-19 ရောဂါအခြေအနေပေါ်မူတည်ပြီး လေ့ကျင့်မှုတွေ ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကခွင့်ပြုတဲ့ အချိန်လုပ်မယ်။ ပြည်တွင်းပြည်ပခြေစမ်းပွဲတွေ လေ့ကျင့်တဲ့အနေနဲ့ ကစားဖို့လည်းစီစဉ်ထားပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ 

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန် မရှိသော်လည်း ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် အာရှခြေစစ်ပွဲ၊ အာဆီယံပြိုင်ပွဲ နှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) တို့ ကိုဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

၎င်းပွဲစဉ်များအားလုံးသည် အရေးကြီးသည့်ပွဲစဉ်များဖြစ်သောကြောင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း အားရလဒ်ကောင်းများထွက်လာစေရန် ယခုကဲ့သို့ခြေစမ်းပွဲများကစားနိုင်ရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.