ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၀၁)သည် နေပြည်တော် ၌ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၉၉၀၀ လီတာ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) (၂၉)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် ရွှေတံဆိပ် ၈ ဆု ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် အဏ္ဏဝါ သယံဇာတများ၊ အဏ္ဏဝါ ဇီ၀ မျိုးစုံ မျိုးကွဲများ ကြွယ်စသည့် ပင်လယ်ကမ်းရိုး တန်း ဒေသ သုံးခုအား ပိုင်ဆိုင်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဇီဝမျိုးစုံ မျိုးကွဲများ လျော့နည်းလျက်ရှိရာ အဏ္ဏဝါ ဂေဟစနစ်၏ အစာပိရမစ်(food pyramid)...
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဒီဇင်ဘာလ ထဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မြူထူများ ဆိုင်းနိုင်ကြောင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက် အားမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအနေဖြင့် မိုင်းအန္တရာယ်နှင့်ပတ်သက်၍ မိုင်းအန္တရာယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (Mine Action Authority) ဖွဲ့စည်းနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မိုင်းရှင်းလင်းရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုညီလာခံတွင် ပြောကြားသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ အမှု ရင်ဆိုင်ရာတွင် ပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာက သိရှိနားလည်စေ ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၇ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ ပြည့်မီရေးအတွက် ၂၀၁၉ ဖေဖော်ဝါရီ ၁၉ ရက် နေ့စွဲပါစာဖြင့် နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပုံ ရာခိုင်နှုန်းပြည့် ခန့်အပ်နိုင်ရေးကို မူအားဖြင့် သဘောတူပြီး ဖြစ်သည့်အတွက် အင်အား ပြည့်မီရေးကို စီမံချက် ရေးဆွဲ ဆောင်ရွက်လျက်...
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပနေသည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အမျိုးသားဘောလုံးပြိုင်ပွဲ တွင် အိမ်ရှင်ဖိလစ်ပိုင်ယူ-၂၂ အသင်းနှင့် နိုဝင်ဘာလ ၂၇ရက် တွင် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၂၂ ဘောလုံးအသင်းကအိမ်ရှင်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရ၍ အုပ်စုမှတက်ရန် အလားအလာကောင်းသွားခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံ မဲစာရင်းများ ပြုစု ပြီးသွားပြီဖြစ်ရာ မဲပေးခွင့်ရ ဦးရေမှာ ၃၇ သန်းကျော် ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ညနေပိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC: _Union...
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အတွင်းရှိ ပင်လောင်း၊ ဟိုပုံး၊ ဖယ်ခုံ၊ ဆီဆိုင်၊ မောက်မယ်၊ မိုးနဲ၊ မိုင်းပန်နှင့် တွန်းဇံမြို့နယ်တို့၌ နိုဝင်ဘာ ၂၆ ရက်က ဘိန်းစိုက်ခင်း ၁၃၃ဧက ကျော် ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။