Connect with us

Environment, Disasters & Accidents

၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ ၆ လ အတွင်း ငလျင်၁၀၅ ကြိမ်လှုပ်ရှားခဲ့

၂၀၂၀ပြည့်နှစ် ဧပြီလ တွင် လှုပ်ရှားခဲ့သည့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်း နေအိမ်များ ပျက်စီးမှု ဖြစ်ပေါ်နေစဉ်(ဓာတ်ပုံ-စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့)

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ ၆ လ တာကာလအတွင်း စုစုပေါင်း ငလျင်၁၀၅ ကြိမ်လှုပ်ရှားမှု ဖြစ်ပွားခဲ့ကြောင်း နှင့် အင်အားပြင်းငလျင်တစ်ခု ပါခဲ့ကြောင်း၊ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲ မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောသည်။ 

၎င်းက “၆ လ အတွင်း ငလျင်အကြိမ်ပေါင်း ၁၀၅ လှုပ်ရှားခဲ့တယ် ဆိုတော့ ငလျင်လှုပ်ရှားမှု က အရင်ထက် ပိုများလာတယ် လို့ ပြောလို့ ရတယ်။ မြန်မာနိုင်ငံက သက်ရှင်ပြတ်ရွေ့တွေကြောင့်ရော၊ မြေထုချပ်ပွတ်တိုက်ရွေ့လျားမှုကြောင့်ရော ငလျင်လှုပ်ရှားမှုဖြစ်ပွားတယ်။ အဲဒီလှုပ်ရှားမှု တွေက ပုံမှန်အနေအထားထက် နည်းနည်းပိုမြန်လာတဲ့အခါမှာ ငလျင်လှုပ်ရှားတဲ့ အကြိမ်အရေအတွက် ကလည်း ပိုပိုပြီး များလာတဲ့ သဘောရှိတယ်။’’ ဟုပြောသည်။

၂၀၂ပြည့်နှစ် ဇန်နဝါရီလတွင် ငလျင်လှုပ်ရှာမှု  ၁၃ကြိမ်၊ ဖေဖော်ဝါရီလတွင် ၁၉ကြိမ်၊မတ်လတွင် ၁၀ ကြိမ်၊ ဧပြီလတွင် ၁၇ ကြိမ်၊  မေလ တွင်  ၂၈ ကြိမ်၊ ဇွန်လတွင် ၁၈ကြိမ် အသီးသီးရှိခဲ့ကြောင်း သိရသည်။“အင်အားပြင်းထန်တဲ့ ငလျင်က ၆ လအတွင်း ၁ကြိမ်ပါခဲ့တယ်။ချင်းပြည်နယ်မှာ လှုပ်ရှားခဲ့တာဖြစ်တယ်။ အင်အား ရစ်(ခ်)တာစကေး ၆.၁ ရှိတယ်လို့ ကျွန်တော်တို့ ထုတ်ပြန်ခဲ့ပါတယ်။ ကျန်တဲ့ငလျင်တွေက တော့ အင်အားအသင့်အတင့် နဲ့ အင်အားအနည်းငယ်တွေပဲဖြစ်ပါတယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ထို့အပြင် ငလျင်နဲ့ ပတ်သက်တဲ့ ကောလာဟလ များ လူမှုကွန်ယက်စာမျက်နှာတွင် တွေ့ပါက မှန်မမှန် သက်ဆိုင်ရာဌာန များသို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်များတွင် ငလျင်က တိတိကျကျက ကြိုတင်ခန့်မှန်းတွက်ချက်လို့မရသည့် သဘာဝဘေးဖြစ်သောကြောင့် မကြာခဏငလျင်လှုပ်ရှားသည့်ဒေသများတွင် ကြိုတင်ပြင်ဆင်မှု အစီအမံများဆောင်ရွက်ထားရန်လို ကြောင်းဆိုသည်။   (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117