Connect with us

Environment, Disasters & Accidents

မြေစာပုံပြိုကျသည့် နှစ်ရက်အတွင်း ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း ၁၇၂ဦးထိ ရရှိထားဟုဆို

ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုအတွင်း ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ- မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် မြေစာပုံပြိုကျသည့် နှစ်ရက်အတွင်း  ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း ၁၇၂လောင်းထိ ရရှိထားကြောင်း  မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယနေ့ ဇူလိုင် ၃ရက် နေ့လည် ၁၂နာရီကျော်အထိ  ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း ၁၇၂ လောင်း နှင့် ဒဏ်ရာရရှိသူ ၅၄ ဦး ရှိကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုအတွင်း ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ် ( ဓာတ်ပုံ-  မီးသတ်ဦးစီးဌာန)

” ဒီနေ့အဖို့ ကယ်ဆယ်ရေးရပ်လိုက်ပြီ၊ မနက်ဖြန် ဆက်ရှာဖွေပါမယ်၊ ကယ်ဆယ်ရေးလုပ်တဲ့နေရာမှာ မြေထပ်ပြိုနိုင်တဲ့ အန္တရာယ်ရှိလို့ သတိထားဆောင်ရွက်နေရပါတယ်” ဝှေခါကျေးရွာအုပ်ချုပ်ရေးရုံးမှတာဝန်ခံ ဦးကျော်မင်းက ဆင်ဟွာသို့ပြောကြားသည်။

ဇူလိုင်လ ၂ရက်နေ့တွင် ရေမဆေးသမားများက ရေမဆေးကျောက်ဝင်ရောက်ရှာဖွေနေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာမှ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့အများအပြား နွံနစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။   (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117