ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့ နားပွဲကျေးရွာအနီး၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမအထက်၊ တောင်စောင်းပေါ်ရှိ မြေကြီးအက်ကွဲကြောင်းများပေါ်ကာ မြေပြိုကျနိုင်သဖြင့် သြဂုတ် ၂၆ ရက်၌ နေအိမ်များ ပြောင်းရွှွေ့ထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊သြဂုတ် ၂၇ ရက်(ဆင်ဟွာ) လက်ရှိ၌ ငွေကြေးဖောင်းပွမှု အတန်အသင့် မြင့်မားလာရခြင်းမှာ ငွေကြေးပမာဏ တိုးတက်မှုနှုန်းနှင့် ချေးငွေ တိုးတက်မှုနှုန်းများ လွန်စွာ မြင့်မားနေခြင်းကြောင့် မဟုတ်ဘဲ လောင်စာဆီဈေးကြောင့်သာ ဖြစ်သည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နေပြည်တော်၊သြဂုတ် ၂၇ ရက်(ဆင်ဟွာ) အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၀ – ၂၅)တွင် လက်ရှိ ဦးစားပေးကဏ္ဍ ၁၁ ခုအပြင် နောက်ထပ် ကဏ္ဍအသစ် ငါးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၊ ဆပ်ပြာကုန်းကျေးရွာအနီးရှိ ကျောက်မီးသွေးတွင်း မြေပြိုကျမှုကြောင့် လူ၄ ဦးပိတ်မိလျက်ရှိရာမှ လူ ၂ဦးသေဆုံးလျက်ရှာတွေ့ကာ ကျန်လူ ၂ဦးအား ဆက်လက်ရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၁၉ ခုနှစ် သြဂုတ် ၂၆ရက်အထိ သေဆုံးသူ ၁၀၅ဦးရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) မာန်အောင်ကျွန်း နှင့် ကိုကိုးကျွန်း ဒေသများအား ဆိုလာဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ရေးကို စီမံကိန်းများချမှတ် ဆောင်ရွက်လျက် ရှိကြောင်း အမျိုးသားအဆင့် ပြန်ပြည့်မြဲ စွမ်းအင် ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ငွေကျပ် ၃၃၈,၄၀၀,၀၀၀တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၆၉,၂၀၀ ပြား ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ပတ္တရားမြို့တွင်ကျင်းပသော (၁၄)ကြိမ်မြောက် ကမ္ဘာ့နဂါးလှေ ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးနေ့ပွဲစဉ်များအဖြစ် မီတာ ၅၀၀ ပွဲစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ ပွဲစဉ် သုံးမျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော မြန်မာ လက်ရွေးစင်လှေလှော်အသင်းသည် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့၏ အနောက်ဘက် (၈) မိုင်ခန့် အကွာ တွင် သြဂုတ်(၂၆)ရက် မြန်မာစံတော်ချိန် (၀၉)နာရီ (၁၉)မိနစ် (၁၄) စက္ကန့်အချိန်တွင အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်...