Connect with us

Education & Health

ဘေးကင်းပြီး အာဟာရပြည့် အစာ စားသုံးနိုင်ရေး ကြိုးပမ်းရန် တိုက်တွန်း

ဒုတိယသမ္မတ ဦးဗန်ထီးယူ အဖွင့်စကား ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တိုးပွားလာသော လူဦးရေအတွက် စားနပ်ရိက္ခာများ တိုးတက် ထုတ်လုပ်နိုင်အောင်ကြိုးပမ်းရင်းက ဘေးပင်းပြီး အာဟာရပြည့်ဝသော အစားအစာမျိုးစုံပိုမိုစားသုံးလာနိုင်ရေး အားလုံးက ကြိုးပမ်း ဆောင်ရွက်ကြရန် နိုင်ငံတော် ဒုတိယ သမ္မတ(၂) ဦးဗန်ထီးယူက ယနေ့ တိုက်တွန်း ပြောကြားခဲ့ သည်။

“ကျန်းမာမျှတ အာဟာရ ပြည့်စုံနိုင်ရေး ရည်မျှော်တွေး၊ ယနေ့မှစ၍ ကြိုးစားပေး ဆိုတဲ့ ကမ္ဘာ့ စားနပ်ရိက္ခာနေ့ရဲ့ ယခုနှစ် ဆောင်ပုဒ်နဲ့အညီ စည်ပင်သာယာ ဝပြောတဲ့ ကမ္ဘာကြီးဖြစ်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနဲ့ ပြည်သူတွေအားလုံးက ကိုယ်စီ တာဝန်တွေကို လက်တွဲညီညီ ထမ်းဆောင်ကြပါလို့ တိုက်တွန်း လိုက်ပါတယ်” ဟုလည်း ဒုတိယ သမ္မတက ပြောကြားခဲ့သည်။

သယံဇာတနှင့် သဘာ၀ ပတိဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

FAO မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က FAO ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားစဉ်။(ဆင်ဟွာ)

ကမ္ဘ့စားနပ်ရိက္ခာနေ့အခမ်းနားကျင်းပနေစဉ်။(ဆင်ဟွာ)

အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးစဉ်။(ဆင်ဟွာ)

ပြခန်းများအား လှည့်လည်ကြည့်ရှုကြစဉ်။(ဆင်ဟွာ)

နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ယနေ့ ပြုလုပ်သော ကမ္ဘာ့ စားနပ် ရိက္ခာနေ့အခမ်းအနားတွင် ဒုတိယသမ္မတက ကမ္ဘာပေါ်တွင် အာဟာရ မပြည့်သူ သန်း ၈၀၀ ကျော် ရှိသည်ဟု ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) က ထုတ်ပြန်ထားကြောင်း၊ စားနပ်ရိက္ခာ ထုတ်လုပ်မှု ပမာဏကြောင့်သာမက အရည်အသွေး မပြည့်ဝမှုများကြောင့်လည်း ဖြစ် ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှု ပုံစံများသည် ရောဂါ ဖြစ်ပွားမှု၊သေဆုံးမှု တို့၏ အဓိက အကြောင်းတရား ဖြစ်လာကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး ရေရှည် တည်တံ့သည့် စားနပ် ရိက္ခာများ လူတိုင်း ရရှိ စားသုံးနိုင်မှာ ချက်ချင်း လုပ်ဆောင်ရမည့် လိုအပ်ချက် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာ ဖူလုံစေရန် သီးနှံအမျိုး ၆၀ ကျော်ကို ရာသီအလိုက် နှစ်စဉ် စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ဘေးအန္တရာယ် ကင်းပြီး အာဟာရ ပြည့်ဝသော စားနပ်ရိက္ခာများ ထုတ်လုပ်နိုင်ရန် ချမှတ်ထားသည့် စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာနှင့်အညီ ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ ကုန်ထုတ်စွမ်းအား တိုးတက်စေမှု၊ ဈေးကွက် ချိတ်ဆက် ဆောင်ရွက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှု ဟူသည့် မဟာဗျူဟာ မဏ္ဍိုင် သုံးရပ်နှင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင် အမှတ်စဉ် (၂) ပြည့်မီရေးအတွက် ငတ်မွတ်ခေါင်းပါးမှု ကင်းစင်ရေးကို အလေးပေး ဆောင်ရွက်ရာတွင်  အပြည် ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကူညီ ထောက်ပံ့မှုများ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသော် လည်းမိမိတို့ကသာ အဓိကအားဖြင့် ကြိုးပမ်းကြရမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

၂၀၁၉ ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အခမ်းအနားသို့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော် ကောင်စီဝင်များ၊ သံရုံးအသီးသီးမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ၊ FAO မှ ဌာနေ ကိုယ်စားလှယ်များနှင့် ပြည်တွင်း ပြည်ပ NGOs များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီးအခမ်းအနား အပြီးတွင် ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.