Connect with us

Social

မိုးတွင်ကာလ တွင် ပြေးဆွဲမှုရပ်နားထားသည့် ရန်ကုန်မှ ရခိုင်ပြည်နယ် မာန်အောင် သို့ပြေးဆွဲသည့် လေကြောင်း ပြန်လည်ပြေးဆွဲ

ရန်ကုန်-မာန်အောင်လေကြောင်းလိုင်း မှလေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) 

မိုးတွင်းကာလ တွင် ပြေးဆွဲမှုရပ်နားထားသည့် ရန်ကုန်မှ ရခိုင်ပြည်နယ်၊ မာန်အောင်သို့ပြေးဆွဲသည့် လေကြောင်းအားအောက်တိုဘာ ၁၆ ရက် မှ စတင်ပြီး ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ 

မာန်အောင်အများပိုင် ကုမ္ပဏီက မြန်မာ အမျိုးသားလေကြောင်းပိုင် Grand Caravan လေယာဉ်ငယ်ဖြင့် တာဝန်ယူပျံသန်းပြေးဆွဲနေသည့် ရန်ကုန်- မာန်အောင်-ကျောက်ဖြူနှင့် စစ်တွေ လေကြောင်း ခရီးစဉ်များအား ရာသီဥတုအခြေအနေအရ မိုးရာသီ တွင် ရပ်နားထားခဲ့ရာ မှ အောက်တိုဘာ ၁၆ရက် တွင်  ပြန်လည် ပျံသန်းပြေးဆွဲခဲ့ခြင်းဖြစ်သည်။ 

အဆိုပါပြန်လည်ပျံသန်းပြေးဆွဲသော လေယာဉ်တွင် ရန်ကုန်မှ ခရီးသည် ရှစ်ဦးလိုက်ပါလာပြီး အောက်တိုဘာလ ၁၆ ရက် နံနက် ၉နာရီ မိနစ် ၂၀ တွင် မာန်အောင်စမုံတဲ လေဆိပ်သို့ ဆင်းသက်ခဲ့သည်။

ယခု ပျံသန်းပြေးဆွဲနေသော လေယာဉ်ဈေးနှုန်းများမှာ ရန်ကုန်- မာန်အောင် ငွေကျပ် ၈၁၀၀၀၊ ကျောက်ဖြူ-မာန်အောင် ငွေကျပ် ၃၆၀၀၀၊ စစ်တွေ-မာန်အောင် ငွေကျပ် ၄၁၀၀၀ ဖြစ်ပြီး လေယာဉ်ပြေးဆွဲမည့် ရက်မှာ ယခင်ပြေးဆွဲခဲ့သောရက် အတိုင်း တနင်္လာ၊ ဗုဒ္ဓဟူးနှင့်သောကြာ နေ့များတွင် ပုံမှန်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း  မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.