ရန်ကုန် ၊ ဧပြီ ၃ဝ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော် ရန်ကုန်မြို့၏ အထင်ကရ ဟိုတယ်တစ်ခု၏ အလုပ်များပြားလှသည့် မီးဖိုဆောင်ထဲတွင် အဖြူရောင်စားဖိုမှူးဝတ်စုံကို ဆင်မြန်းထားသော ထူးထူးခြားခြားလူတစ်ဦးကို မြင်တွေ့ရနိုင်ပါသည်။
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် ငွေကျပ် ၂,၂ဝဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၊ ကျောက်တော်-မြောက်ဦး လမ်းပိုင်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားကြီး လမ်းဆုံအနီး၌ ဧပြီ ၂၉ရက် နံနက်ပိုင်းတွင် ဒေသန္တရ လက်လုပ်မိုင်း ၃ လုံးအား တပ်မတော် လုံခြုံရေးစစ်ကြောင်းက တူးဖော်ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI)၏ အရှိန်ကြောင့် ယနေ့နံနက် မှ နောက်(၇၂)နာရီအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးရွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ သက်ကယ်ကျင်းကျေးရွာ ၏ အရှေ့တောင်ဘက် (၁၆) မိုင်ခန့် အကွာ ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့...
နေပြည်တော်၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) ဒီမိုကရေစီ ကူးပြောင်းမှု အောင်မြင်ဖို့အတွက် မဏ္ဍိုင် အသီးသီးက ကြံ့ခိုင်ဖို့ လိုအပ်သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၃၀ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့ ၊ မြို့မ (၁) ရပ်ကွက် ဘုရားပိုင်း၌ အဝီစိတွင်း တူးရာမှ ဂက်(စ်)ငွေ့ဟု ယူဆရသည့် အငွေ့များ ထွက်ရှိနေသဖြင့် ဆက်လက်တူးဖော်ခြင်း ရပ်ဆိုင်း ထားကြောင်း မဒေါက်မြို့ အုပ်ချုပ်ရေးမှူးရုံးက သိရသည်။
ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ) မြန်မာ့စာတိုက် လုပ်ငန်းမှ (၁၂) လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် ကဆုန်လအတွက် ညောင်ရေသွန်း ပွဲနှင့် စကားဝါပန်း ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးကို မေ ၄ ရက် နံနက် ၉ နာရီခွဲမှ...
နေပြည်တော်၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စုံစမ်း စစ်ဆေးမှုကြောင့် မြန်မာငွေ ၃၀ ဒသမ ၈၉ သန်းနှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၀၃ သန်းတို့အား ပြည်သူ့ ဘဏ္ဍာငွေအဖြစ် ပြန်လည် ပေးသွင်းနိုင်ခဲ့ကြောင်း အဂတိ လိုက်စားမှု...
နေပြည်တော်၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိရန် အတွက် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် တိုင်းရင်းသား အခွင့်အရေးများ အပြည့်အဝရရှိရေးတို့အတွက် ယုံကြည်မှု တည်ဆောက်နိုင်အောင် ဝိုင်းဝန်း ကူညီပေးဖို့ တိုက်တွန်းပါကြောင်းပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က ယနေ့ နံနက်...