Connect with us

Politics, Law & Military

အဓမ္မခိုင်းစေမှုများအား နိုင်ငံတော် အကြီးအကဲထံ တိုင်ကြားနိုင်

အလုပ်သမား၊ ပြည်သူ့ အင်အားနှင့် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေ အမှာစကား ပြောကြားစဉ်။

နေပြည်တော်၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင်အဓမ္မခိုင်းစေမှုများနှင့် ပတ်သက်ပြီး နိုင်ငံတော် အကြီးအကဲထံတိုင်ကြားနိုင်ကြောင်း အလုပ်သမား၊ ပြည်သူ့အင်အားနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ယနေ့ပြောကြားသည်။

“မြန်မာနိုင်ငံက ရေးဆွဲထားတဲ့ အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာလုပ်ငန်းစီမံချက်၊ အမျိုးသား အဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားနဲ့ ကြားကာလမှာ အဓမ္မခိုင်းစေမှုများ တိုင်ကြား ဖြေရှင်းနိုင်မယ့်

နည်းလမ်းတို့ အကောင်အထည်ဖော်ရေးကို နိုင်ငံတော် သမ္မတရုံးက ခွင့်ပြုချက်ရရှိခဲ့ပြီး ဖြစ်လို့ လုပ်ထုံး လုပ်နည်းများနဲ့ အညီ ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်” ဟု လည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တိုင်ကြားလိုသူများအနေဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့၏ ပြည်သူနှင့် တွေ့ဆုံပွဲလမ်းကြောင်းများတွင် အကြီးအကဲထံ လက် ရောက် တိုင်ကြားနိုင်ပါကြောင်းလည်း၎င်းက ပြောခဲ့သည်။

ထို့အပြင် အလုပ်သမားများအနေဖြင့် တည်ဆဲဥပဒေများနှင့်အညီ လွတ်လပ်စွာ

ဆန္ဒဖော်ထုတ်မှု နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို ခွင့်ပြုထားသော်လည်းအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ စက်ရုံပရိဝုဏ်အတွင်း ဆန္ဒပြခွင့်ကိုကျော်လွန်ပါက ဥပဒေအရ အရေးယူခံရမှုများ ရှိကြောင်းကို ILO က

ထောက်ပြနေသည်များ ၇ှိကြောင်း၊ အမှန်မှာ ဆန္ဒပြမှုကြောင့်အရေးယူခံရခြင်းမဟုတ်ဘဲ နိုင်ငံသားတိုင်း လိုက်နာရမည့် ပြည်တွင်းဥပဒေကိုချိုးဖောက်ခြင်းကြောင့်သာ ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ILO

စာမျက်နှာတွင် သတင်းအမှားများ ဖြစ်ပေါ်နေခြင်းကို လာမည့် အောက်တိုဘာလတွင်ပြုလုပ်မည့် ILO အစည်းအဝေး၌ မိမိတို့က အချက်အလက် ပြည့်ပြည့်စုံစုံ ဖြင့်ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့ လိုအပ်ကြောင်းလည်းပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

မြန်မာနိုင်ငံသည် လက်ရှိ၌ ILO ၏ Liaison Office အဆင့် ရရှိထားပြီးထိုအဆင့်မှ Country Office အဆင့်သို့ ပြောင်းလဲ ဖွင့်လှစ်နိုင်ရေးအတွက်ကြိုးပမ်းနေချိန်ဖြစ်ပြီး ၎င်း Country Office အဆင့်သို့ ရောက်၇ှိပါကနိုင်ငံတော် ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးကို ILO ၏ အကူအညီဖြင့်

အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.